Dcity ၏ Ranking Reward

avatar

img_0.5116384413183402

ကျွန်တော် အရင်တစ်ခေါက်က #dcity game မှ ရရှိသည့် Income များ အကြောင်းကို မျှဝေ ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီနေ့မှာတော့ Ranking များစွာထဲမှာ မှ Income Ranking များ အကြောင်းကို မျှဝေပေးပါ့မယ်။ ( ကျွန်တော် ဖော်ပြချင်သည့် အကြောင်းအရာမှာ ကျွန်တော်၏ အမြင်ကိုသာ မျှဝေပေးရခြင်း ဖြစ်ပါတယ်။ ကျွန်တော်ကဲ့သို့ လိုက်ပါ ဆော့ကစားဖို့ မတိုက်တွန်းလိုပါဘူး။ အကြောင်းမှာ ကိစ္စတိုင်းတွင် Risk ကိုယ်စီ ရှိနေသောကြောင့် ဖြစ်ပါတယ် )

#dcity Game တွင် Income Level သည် Ranking Level တစ်ခုတွင် ပါဝင်လျှက် ရှိပါတယ်။ Rank Top 400 ထဲ ရောက်သည်နှင့် Daily HIVE income ကို စတင် ရရှိမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ Income များဆိုသည်မှာ မြို့တစ်မြို့ အသားတင် ရရှိသည် Income ဖြစ်ပါတယ်။ ကျွန်တော်တို့သည် #dcity မြို့ကိုတည်ဆောက်ရာတွင် Card များဖြင့် တည်ဆောက်ကြရပါတယ်။ ( ဥပမာ - Hospital card၊ Student Card၊ Worker Card၊ Job Center card၊ Eco နှင့် ဆိုင်သည့် Card များ နှင့် စသည့် အကြောင်းအရာ စုံသည့် Card များစွာ ရှိပါတယ်)

ကျွန်တော်တို့ ပိုင်ဆိုင်သည့် Card များစွာသည် တစ်ခုချင်းစီအလိုက် ဂုဏ်သတ္တိ မျိုးစုံ ရှိနေပါတယ်။ ( ၎င်း Card များ၏ အားသာချက် အားနည်းချက်များ အပေါ် မူတည်ပြီး မြို့ကို တည်ဆောက် ရခြင်း ဖြစ်ပါတယ် )

Card များ၏ အရည်အသွေး ပေါ်မူတည်ပြီး SIM income များ ရရှိမည် ဖြစ်ပါတယ်။ ရရှိလာသည့် SIM Income များသည် Passive Income များ မဟုတ်သေးပါဘူး။ Tex များနုတ်ပြီး အသားတင် ကျန်ရှိသည့် Income များသာ Passive Income ဖြစ်ပါတယ်။ ၎င်း အသားတင် SIM Income သည် Ranking တွင် အကျုံးဝင်မှာ ဖြစ်ပါတယ်။

ဆိုလိုသည်က ကျွန်တော်တို့ Card များမှ တစ်နေ့လျှင် SIM အသားတင် ဘယ်လောက် ရသလဲပေါ် မူတည်ပြီး ရရှိတာပါ။ ( War Share အတွက် ရရှိသည့် SIM များသည် Income Ranking အတွက် အကျုံးမဝင်ပေ)

ဒါကြောင့် ကျွန်တော်တို့သည် Tex reducing card နှင့် Tex Refund card များကို မြို့တွင်း ထည့်သွင်း အသုံးပြုကြရတာ ဖြစ်ပါတယ်။ ယခုဆိုလျှင် ကျွန်တော်၏ Income Level သည် Top 37 ထဲ ရောက်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ( ၎င်းသည် ပြောင်းလဲမှု ရှိနိုင်ပါတယ်။ အဘယ်ကြောင့် ဆိုတော့ game က Tex အပေါ်တွင် ကစားမှု အချို့ ရှိနေသောကြောင့် ဖြစ်ပါတယ် )

ကျွန်တော် ဒီနေ့မျှဝေပေးချင်တာကတော့ ဒီလောက်ပါဘဲ။ နောက်ရက်တွေမှာ တစ်ခြားကိစ္စများကို မျှဝေပေးချင်ပါတယ်။ အားလုံး HIVE Engine base Blockchain game များမှ အကျိုးအမြတ် များစွာ ရရှိနိုင်ပါစေလိုဘ ဆုတောင်းပေးပါတယ်။

@johndieo
15.7.2022



0
0
0.000
3 comments