How many tokens did you get in your Hive Engine Account?...!

avatar

Hive platform ပေါ်ရှိ ညီအစ်ကို မောင်နှမများအားလုံး မဂ်လာအပေါင်းနဲ့ ပြည့်စုံကြပါစေ...
screenshot_2021_09_09_19_13_02.png

ဒီနေ့တော့ ကျွန်တော်၏ ပုံမှန်လုပ်နေကျအတိုင်း internet သုံးပြီဆိုတာနဲ့ Binance Exchange တွင် Cryptocurrency စျေးနှုန်းများကြည့်ရှု့ခြင်း..Hive account ရှိ မိမိတင်ထားသော postများ၏ reward ရရှိမှုများ ကြည့်ရှု့ခြင်း နှင့် Hive engine token အခြေအနေများအတွက် leodex.io သို့ ဝင်ရောက်ကြည့်ရှုခြင်းများ လုပ်ဆောင်ခဲ့ပါသည်။
ထိုသို့ ဝင်ကြည့်ရာတွင် Cryptocurrency စျေးနှုန်းများ ကျဆင်းနေပြီး Hive coin နှင် Solana-SOL နှစ်ခုသာ စျေးနှုန်းအတက်ဘက်တွင် ရှိနေပါသည်။
ထို့ကြောင့် စျေးနှုန်းများ သိပ်မကြည့်တော့ပဲ leodex.io ပေါ်သို့သွားပြီး မိမိ Hive engine token များ၏အခြေအနေများ ကြည့်ရှု့ပြီး လိုအပ်သည်များ လုပ်ဆောင်ခဲ့ပါသည်။
မိမိ accountရှိ token များ၏ reward ရှိမှုအနေအထား..ရရှိလာသော reward များအား ထပ်မံ stake လုပ်ခြင်း..စသည်ဖြင့် လိုအပ်သည်များ လုပ်ဆောင်ခဲ့ပါသည်။
ထို Hive engine token များ၏အခြေအနေများအား နေ့တိုင်းလိုလို ဝင်ထောက်ကြည့်ရှု့ခြင်း.. သုံးရက်တစ်ခါလောက် reward ရလာသော ပမာဏများအား ထပ်မံ stake လုပ်ခြင်းဖြင့် ရေရှည် plan သဘောထားပြီး စနစ်တကျ ဝင်ရောက်လုပ်ဆောင် လျှက်ရှိပါသည်။
screenshot_2021_09_08_23_33_09.png

ထို့ကြောင့် ယနေ့တွင်လည်း trafficinsider - TIX token..creativecoin - CCC နှင့် foodie token များ ထပ်မံ stake လိုက်ပါကြောင်း...အနာဂတ်အတွက် ရေရှည် plan ဖြင့် Hive engine ပျိုးခင်းလေးအား စနစ်တကျ ပြုစုပျိုးထောင်နေပါကြောင်း... ပြန်လည်ရေးသား မျှဝေလိုက်ရပါတော့သည်။
သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်ပြီး အေးချမ်းသောနိုင်ငံ အမြန်ဆုံးရရှိနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
@uthantzin
9.9.2021(20:00)pm



0
0
0.000
12 comments
avatar

နောင်တစ်ချိန် ရိတ်သိမ်းရန်အတွက် ပျိုးကျဲနေတာပေါ့
ကောင်းမွန်တဲ့ လုပ်ဆောင်မှုတွေပါ
အောင်မြင်ပါစေညီ

0
0
0.000
avatar

ကိုယ်တွေက stake တွေ Unstake ပြန်လုပ်နေသာအခါ။
!PIZZA

0
0
0.000
avatar

ဘာတွေ ဖြစ်ကုန်ပြီလဲ။

0
0
0.000
avatar

လက်ဆောင်ယူပါခင်ဗျ !PIZZA

0
0
0.000
avatar

များများစုထားလေ ပိုကောင်းလေပါပဲ။ !PIZZA

0
0
0.000