Hive Power ဟူသည်မှာ ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ ယမန်နေ့က Pizza token အကြောင်း ရေးသားလိုက်ရာတွင်အမှား အချို့ပါဝင်သွားခဲ့ပါသည်။ Pizza အနေဖြင့် လောလောဆယ် Pizza ဖုတ်သည့် ဂိမ်း ထွက်မလာသေးပါ။ Coming Soon သာ ရှိသေးသော်လည်း မကြာမှီ ထွက်လာမှာကတော့သေချာပါသည်။

ကျွန်တော့အထင် ဘီယာ ချက်သော Cryptobrewmaster ကဲ့သို့ပင် ဖြစ်မည်ထင်ပါသည်။ Pizza အား အခြားသော အစာပလာ ကဒ်များ ဖြင့် ဖုတ်ယူရမည် ဟုထင်ပါသည်။ ရိုးရိုး ပီဇာ / ရှယ် ပီဇာ / ထူးရှယ် ပီဇာဟူ၍ ဈေးကွက်တွင် ရောင်းချနိုင်မည် ဖြစ်သလို Card များကလည်း အမျိုးမျိုး ထွက်လာပါလိမ့်မည်။ အထင်သာ ဖြစ်ပါသည်။

တခုထူးခြားသည်မှာ Pizza အနေဖြင့် ဂိမ်းသာ မထွက်လာသေးသည် သူ၏ token ဈေးကတော့ဖြင့် အတော်လေး မြှောက်နေပြီ ဖြစ်ပါသည်။ အစားအသောက်ဝါသနာပါသူများကတော့ ပီဇာ ဂိမ်းအား အရူးအမူး ဆော့ကြမည်ကတော့သေချာပါသည်။

လောလောဆယ် Pizza အနေဖြင့် Stacking လုပ်နိုင်ပြီ ဖြစ်သော်လည်း Stacking reward မည်မျှရသည်ကို ကျွန်တော်လည်း မသိသေးပါ။ stacking လုပ်နိုင်သည်ဆို၍ stacking လုပ်ထားခြင်းသာ ဖြစ်ပါသည်။ မည်သို့ပင် ဆိုစေ လွန်ခဲ့သော ၅ လခန့်က ဘာရယ်မဟုတ် Leo မှ ရသော reward ဖြင့် pizza ဝယ်စုထားသည်မှာ အလွန်မှန်သွားခဲ့ပါသည်။

Hive platform သည် ၁ နှစ်သား အရွယ်ကို ကျော်လွန်လာပြီးနောက်တွင် အတော်လေး ခြေလှမ်းသွက်နေပါသည်။ ကျွန်တော်တို့ Steemit အစပိုင်းကဲ့သို့ Post တင်ခြင်း တခုတည်း ကိုသာ အားကိုးရန် မလိုတော့ပါ။ စာမရေး ချင်သူတို့ ဂိမ်းကစား၍ ပိုက်ဆံရှာနိုင်ပြီ ဖြစ်ပါသည်။

ဤ တွင် ကျွန်တော်စကားကြုံး၍ အကြောင်း အရာတခုအား ဖေါ်ပြပေးလိုပါသည်။ လွန်ခဲ့သော ၄ နှစ် ကျွန်တော်တို့ MSC စတင်ဖွဲ့စည်းသည်နှင့် ကျွန်တော် အကြောင်းအရာတခုတည်းကိုသာ တစိုက်မတ်မတ် သတိပေးခဲ့ပါသည်။ ထိုအရာမှာ Steem power ဖြစ်ပါသည်။

အချိန်ရှိတိုင်း Steem power စုကြပါရန်သာ တိုက်တွန်း ဖြစ်ခဲ့ပါသည်။ အဘယ်ကြောင့် ဆိုသော် ဤ Social Media Blockchain တခုလုံး၏ အသက်သည် power သာ ဖြစ်ပါသည်။ ယခင်က Steem power / ယခု Hive power ။

Power များလာခြင်း ၏ အကျိုးကာ ယခုလက်တွေ့မြင်နေရပြီ ဖြစ်ပါသည်။ Leofinance သည် Hive Power Delegate လုပ်ရန် တောင်းခံပါသည် ။ အကျိုးအမြတ်အနေဖြင့် နေ့စဉ် Leo token အချိုးကျ ပြန်ပေးပါသည်။

Ecency ကလည်း Hive power Delegate လုပ်ရန် တောင်းခံပါသည်။ အကျိုးအမြတ်အနေဖြင့် Ecency point အချိုးကျ နေ့စဉ် ပြန်ပေးပါသည်။ ယခု Pizza သည်လည်း Hive power Delegate လုပ်ရန် တောင်းခံထားပါသည်။ အကျိုးအမြတ်အနေဖြင့် pizza token အချိုးကျရမည် ဖြစ်ပါသည်။ ဤ အရာများအား တွေ့မိတိုင်း ကိုယ့်ထံတွင် hive power ၃ သိန်းလောက်ရှိလျင်ဖြင့် ဟူသော အတွေးများ အမြဲတမ်း ဝင်ရောက်လာစမြဲဖြစ်ပါသည်။

အချုပ်အနေဖြင့် ဆိုရလျင် မိမိ ၅ နှစ်သာ ကြိုးစားစုခဲ့သော Hive power ၏ အကျိုးရလဒ်မှာ မိမိလိုအပ်သော အချိန်တိုင်းတွင် ငွေသား အဖြစ်ဖန်တီးပေးသလို ယခု အချိန်တွင် ဒေါ်လာ ၁၈၀၀ $ ကျော်မျှ တန်ဖိုးရှိသော Hive Engine wallet တခုကို ပိုင်ဆိုင်စေခြင်း ဖြစ်ပါသည်။

ဤသို့ ပိုင်ဆိုင်ရခြင်းအတွက် မိမိ Hive power မှ တပြားသားမျှ လျော့ပါးသွားခြင်း မရှိ သလို Hive Engine Wallet သည်လည်း နေ့စဉ်နှင့် အမျှ Hive Engine token များဖြင့် တိုးပွား၍ နေပါသည်။

မှတ်မိသူတို့ မှတ်မိကြပါလိမ့်မည်။ ကျွန်တော်တို့ MSC ၏ အိမ်မက်သည် ၂၀၂၅ ရောက်လျင် Blockchain မှရသော ဝင်ငွေဖြင့် မိမိတို့အနာဂတ်အား ပုံဖေါ်နိုင်ရေးဖြစ်ပါသည်။ မရပ်မနေသွားသူသည် ခရီးဆုံးတိုင် ရောက်လာပါလိမ့်မည်။ မိတ်ဆွေရပ်နေလျင် ရပ်နေသည့်နေရာတွင် ကျန်ရစ်နေခဲ့ပါလိမ့်မည်။

Henry Aung ( Kachin )

05/10/2021- Tuesday - 17;35 Pm



0
0
0.000
21 comments
avatar

အခြေခံအုဋ်မြစ်ကောင်းကောင်းချနိုင်ခဲ့တဲ့ အကိုတို့အဖွဲ့အတွက် ဂုဏ်ယူပါတယ် အကို
!PIZZA

0
0
0.000
avatar

အဖွဲ့မဟုတ်ပါဘူးညီရာ.... လက် ၁၀ ချောင်း မပြည့်ပါဘူး။ ဘာပဲဖြစ်ဖြစ် အဆင်ပြေသူတွေ အဆင်ပြေနေရင် ကျေနပ်ပါတယ်....!PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!
PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped uthantzin (x1)
donjaun tipped kachinhenry (x1)
@kachinhenry(7/20) tipped @naythan (x1)
myothuzar tipped kachinhenry (x1)
asterkame tipped kachinhenry (x1)
nyinyiwin tipped kachinhenry (x1)
kachinhenry tipped ong.aye.myat.mon (x1)
kachinhenry tipped htwegyi (x1)
kachinhenry tipped asterkame (x1)
htwegyi tipped kachinhenry (x1)
kachinhenry tipped donjaun (x1)
uthantzin tipped kachinhenry (x1)
naythan tipped kachinhenry (x1)
kachinhenry tipped nweoomon (x1)
Learn more at https://hive.pizza.

0
0
0.000
avatar

2025 ရောက်လျှင် ကိုဟင်ပြောသလို hive နှင့် အခြေအနေ
အတော်ကောင်းနေပါတော့မည်။
!PIZZA

0
0
0.000
avatar

မျှော်လင့်လျက်ပါ .... !PIZZA

0
0
0.000
avatar

HP ပိုများအောင်စုမှာပါ....Delegate လည်းလုပ်ထားပါတယ်....Pizza လည်းတတ်နိုင်သလောက်လေးစုဆောင်းထားပါတယ်....
!PIZZA

0
0
0.000
avatar

ညီမကိုတော့ ယုံပါတယ်။ အချိန်တချိန်ရောက်ရင် ကိုယ့် လုပ်ခဲ့တဲ့ လုပ်အားက ကိုယ့်ကိုလုပ်ကျွေးပါလိမ့်မယ်။ မယုံမရှိနဲ့။ !PIZZA

0
0
0.000
avatar

ကမ္ဘာ ပတ်မယ်ကွာ
!PIZZA

0
0
0.000
avatar

မြန်မာပြည် တပတ် တော့ အရင်လုပ်လိုက်။ ပူတာအိုက နေ ကော့သောင်းအထိ။ Plan ရှိပြီးသား... !PIZZA

0
0
0.000
avatar

စုဆောင်းနေပါတယ်ရှင့်

0
0
0.000
avatar

ကောင်းပါပြီ။ ကြိုးစားပါ... အောင်မြင်မှုက တရက်တည်းနဲ့တော့ ရောက်မလာပါဘူး။ !PIZZA

0
0
0.000
avatar

ဟိုက်ဗ်မှာလဲ ပါဝါစုပီး တင်နေပါပီဗျာ အရင် စတီးမစ်မှာတုန်းက ပါဝါများကို နှမြောသော်လည်း လိုအပ်ချက်အရ ထုတ်ရောင်းသုံးစွဲခဲ့ရပီးနောက် အွန်လိုင်းနှင့် အဆက်ပြတ်သွားခဲ့ရသည်အထိ စိတ်ဓါတ်ကျသွားခဲ့ရပါတယ်၊ အခုတော့ မဟေသီက အထူးအားပေးပီး ဆက်လျောက်ရန် တွန်းအားပေးလို့ ဟိုက်ဗ်ကို ဆက်လက်ချိတ်ဆက်လာပါကြောင်း နောက်လာမည့် ၂၀၂၅ မှာ ပါဝါများများ စုနိုင်မည်ဟု မျှော်လင့်မိပါကြောင်း။ !PIZZA

0
0
0.000
avatar

အဓိကအရေးကြီးတာက အဆက်မပြတ်သွားဖို့ပဲ..... ကိုရွှေက အဆက်ပြတ်သွားတော့ သူများတွေထက်ပို ရုန်းမှ ဖြစ်လိမ့်မယ်... ခါးဆက်ပြတ်သွားလို့....Fighting ....!Pizza

0
0
0.000
avatar

ဟုတ်တယ်ဗျာ အဆက်ပြတ်သွားတာ ဆိုးတယ်။ ကြိုးစားလျက်ပါ။

0
0
0.000
avatar

ဟုတ်တဟ်အစ်ကို 2025 ဆိုရင်တော့ အတော်လေး အားရစရာကောင်းမှာ သေချာပါသည်။အခုအချိန် ကြိုးစားစုဆောင်းပြီး power များအောင်လုပ်ဆောင်ပါမည်ခင်ဗျာ။ !PIZZA

0
0
0.000
avatar

ကြိုတင်ရင်ခုန်ရသည်ပေါ့။ !PIZZA

0
0
0.000
avatar

hive ကို စုသင့်တာစု၊ရောင်းသင့်တာရောင်းလုပ်ပါတယ်။ !PIZZA

0
0
0.000
avatar

Hive ကို မရောင်းပဲ အစွယ်အပွားတွေသာ ရောင်းစေချင်ပါတယ်။ ....

0
0
0.000
avatar

ကြိုးစားစုဆောင်းနေပါတယ်ရှင်။

0
0
0.000
avatar

အကောင်းဆုံးပါ။ များသထက်များအောင်သာစုပါ။ !PIZZA

0
0
0.000