Hive Platform ဖြင့်ရေကြည်ရာမြက်နုရာ ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ ယခုတလော Hive နှင့်ပတ်သက်သော အကြောင်းအရာများသာရေးသားနေခဲ့သည်ဖြစ်ရာ ယနေ့လည်း Token များအကြောင်းသာ ဖြစ်ပါသည်။ သည်းခံ၍သာ ဖတ်ကြပါကုန်။

ကျွန်တော့အနေဖြင့် ဘာရယ်မဟုတ် Hive platform မှ project များဖြင့် လူမည်မျှလောက် အောင်မြင်နေသနည်းဟူသော အရာအား စူးစမ်းလေ့လာမိပါသည်။ ထိုအရာမှာ Token rich list ဖြစ်ပါသည်။ မည်သည့်အကောင့်က မည်သည့် token မည်မျှ ပိုင်ဆိုင်ထားသည်ဆိုသည့် စာရင်း ဖြစ်ပါသည်။

ထို့နောက် ထို token များနှင့်ပတ်သက်၍ ရရှိနိုင်သော အကျိုးအမြတ်အား တွက်ကြည့်ရာတွင် အချို့အကောင့်များသည် အံ့ဩစရာကောင်းလောက်အောင် ဝင်ငွေကောင်းနေသည်ကို တွေ့ရပါသည်။ အထူးသဖြင့် ယခုအချိန် အောင်မြင်နေပြီးသော Splinterland နှင့်ပတ်သက်၍ ဖြစ်ပါသည်။

မိတ်ဆွေလည် စိတ်ဝင်စားသည်ဆိုလျင် LeoDex တွင်ရှိသော token တခုခုအား ရွေးချယ်၍ အဆုံးတွင် ပြထားသော လူနှစ်ယောက်ပုံအား နှိပ်ကြည့်ပါ။ ထို လူနှစ်ယောက်ပုံမှာ token rich list ဖြစ်၍ ထို project token နှင့်ပတ်သက်၍ token အများဆုံး ပိုင်ဆိုင်ထားသော အကောင့်များ၏ စာရင်းအားဖေါ်ပြပေးပါသည်။

ကျွန်တော့အနေဖြင့် အဘယ့်ကြောင့်ဤသို့ ဖေါ်ပြပေးရသနည်းဆိုသော် ကျွန်တော်တို့ Chat Group တွင် Trading လေ့လာသူများ အနေဖြင့် LeoDex တွင်လေ့လာသင့်ကြောင်း ကျွန်တော်အကြံပေးခဲ့ပါသည်။

မိတ်ဆွေတို့အနေဖြင့် LeoDex တွင် trading လုပ်မည်ဆိုပါက အများအားဖြင့် ဈေးသိပ်မကြီးသေးသော token ငယ်လေးများကိုသာ ဦးတည်ကြမည်ဖြစ်ပါသည်။ ဤတွင် မိမိက ထို Token မည်မျှ ခိုင်မာသနည်း ဆိုသည်ကိုလေ့လာရတော့မည် ဖြစ်ပါသည်။

အပျော်တမ်း မိမိကြိုက်ရာဝယ်မည် ဆိုလျင်တော့ ကိစ္စမရှိပါ။ ဤသို့ Token မည်မျှ ခိုင်မာကြောင်းလေ့လာရာတွင် အထက်တွင် ကျွန်တော်ပြောခဲ့သော token rich list က များစွာ စကားပြောပါသည်။

Token ထုတ်လုပ်မှု သန်း ၁၀၀ ရှိသည် ။ Project plan တွင်တော့ အများအထင်ကြီးအောင်ကြီးကြီးမားမား မက်လုံးများဖြင့်ရေးသားထားမည် ၊ထို token သန်း ၁၀၀ အား အကောင့်တခုတည်းက ပိုင်ဆိုင်ထားလျင် သေချာပေါက် ဂျင်းမိတော့မည့် token ဖြစ်ပါသည်။

ဤ တွင် မိတ်ဆွေက မေးစရာရှိလာပါသည်။ တယောက်တည်း အကောင့် ၁၀၀ လောက်ဖွင့်ကာ Token ခွဲပေးထားလျင်ကော။ ဟုတ်ကဲ့။ ကျွန်တော့အဖြေမှာ ထို Token အများအပြား ပိုင်ဆိုင်ထားသူ အကောင့်အချို့အား ဝင်ရောက်စစ်ကြည့်ပါ။

Hive blog တွင် အကောင့်သာရှိပြီး Post တခုမျှ တင်ထားခြင်း မရှိဆိုလျင် အနည်းငယ်စိတ်ပူနေရသော အနေအထား ဖြစ်ပါသည်။ ကျွန်တော့အတွေးမှာ ဤ project အား အခြားသူငှာများ တကယ်သဘောကျလျင် Hive blog တွင် အမှန်တကယ် လည်ပတ်နေသော အကောင့် များ ၏ ဝယ်ယူစုဆောင်းမှုကို တွေ့ရမည် ဖြစ်ပါသည်။

ထို့ကြောင့် မိမိဝယ်ယူမည်ဖြစ်သော Token အသစ်၏ အခြေအနေ မည်သို့ရှိသည်ကို ထို token ၏ rich list ဖြင့် လေ့လာကြပါရန် တိုက်တွန်းလိုပါသည်။ ၁၀၀ % နှုန်း အမှန် ဖြစ်ပါသည်ဟုတော့ အာမမခံနိုင်ပါ။

ကျွန်တော်ကိုယ်တိုင်လည်း ဤနည်းဖြင့်သာ ရှာဖွေရင်း လေ့လာရင် Token စုနေခြင်း ဖြစ်ပါသည်။ နောက်ထပ် အပိုဆောင်း အနေဖြင့် ပြောရလျင် မိတ်ဆွေအနေဖြင့် Hive Engine Token များအား လေ့လာမှုကြာရှည်လာလျင် ပြင်ပရှိ Cryptocurrency များဖြင့် အဆက်ပြတ်လာပါလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် ပြင်ပရှိ BTC / ETH / BNB ဟူသော အရာများသည် ကျွန်တော်တို့နှင့် အလှမ်းဝေးသွားပြီ ဖြစ်ပါသည်။ အားလုံးအား ခြုံ၍ မဆိုလိုပါ။ ကျွန်တော့ အထင်သာ ဖြစ်ပါသည်။

မယုံမရှိပါနှင့် ကျွန်တော့အနေဖြင့် ပြင်ပတွင် မည်သည့် Coin / token မည်မျှ ဈေးတက်သည်ကို စိတ်မဝင်စားတော့ပါ။ Hive Engine တွင် ကျွန်တော်သဘောကျသော Token / NTF များအား မည်သို့ ပိုများလာအောင် / Stack လုပ်၍ မည်သို့ Reward ပိုရလာအောင် လုပ်ရန်သာ ပို၍ စိတ်ဝင်စားနေပါသည်။

အဘယ့်ကြောင့် ဆိုသော် BTC / ETH တို့ဖြင့် ကျွန်တော်တို့ မချမ်းသာနိုင်သည်ကတော့ သေချာနေပါပြီ။ သို့သော် Hive Platform ကတော့ဖြင့် မျှော်လင့်ချက်ပေးနေဆဲ ဖြစ်ပါသည်။မိတ်ဆွေတို့လည်း Hive Platform ဖြင်​င့် အဆင်ပြေကြပါစေ...

Henry Aung ( Kachin )

08/10/2021 - Friday - 17;56 Pm



0
0
0.000
19 comments
avatar

trader လုပ်မယ် ဝေ့
!PIZZA

0
0
0.000
avatar

လုပ်လိုက်တော့.... !PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!
PIZZA Holders sent $PIZZA tips in this post's comments:
@kachinhenry(9/20) tipped @donjaun (x1)
htwegyi tipped kachinhenry (x1)
nyinyiwin tipped kachinhenry (x1)
kachinhenry tipped yuzana (x1)
kachinhenry tipped myothuzar (x1)
myothuzar tipped kachinhenry (x1)
donjaun tipped kachinhenry (x1)
kachinhenry tipped naythan (x1)
kachinhenry tipped myanmarkoko (x1)
kachinhenry tipped htwegyi (x1)
kachinhenry tipped nyinyiwin (x1)
naythan tipped kachinhenry (x1)
kachinhenry tipped uthantzin (x1)
kachinhenry tipped princekham (x1)
Learn more at https://hive.pizza.

0
0
0.000
avatar

အမှန်ဗျ hive ကလွဲရင်ကျန်တာစိတ်မဝင်စားတော့ဘူး
စတီးတုန်းကလည်းစတီးမလို့
စတီးနဲ့ဟိုက်မသိခင်က ဒီဟာလုပ်လိုက် ဟိုဟာလုပ်လိုက်ပါ့ 😁😁

0
0
0.000
avatar

အတူတူပဲ ဦးယုရေ... ခု Hive ကလည်း အခြေအနေတွေက အရင် Steemit နဲ့ မတူတော့ဘူးလေ... !PIZZA

0
0
0.000
avatar

အခုလို လေ့လာစရာလေးတွေပြောပြတာ ကျေးဇူးတင်ပါတယ် အကို
!PIZZA

0
0
0.000
avatar

ကျေးဇူးပါ ညီရေ... !PIZZA

0
0
0.000
avatar

ကိုယ်တွေက စ တောင်နေပြီလို့။
!PIZZA

0
0
0.000
avatar

အသာလုပ်ပါ.... ကျွန်တော်တို့လည်း Trade ပါရစေ။!PIZZA

0
0
0.000
avatar

ဟုတ်တယ်ဗျို့ ကျနော်တို့အတွက် btc/eth တွေနဲ့ အလှမ်းဝေးသွားပီ၊ မျော်လင့်ချက်ပေးနေတဲ့ ဒီဟိုက်ပလက်ဖောင်းကိုတော့ မြဲမြဲဆက်လျောက်မယ်ဗျာ။ !PIZZA

0
0
0.000
avatar

ကုတ်နဲ့ ကော်ထုတ်တောင် မထွက်ဘူး... !PIZZA

0
0
0.000
avatar

Hive အကောင့်တစ်ခုနဲ့ Trader လုပ်လို့ရပြီပေါ့ဆာဟင်။
ကြိုးစားပြီး လုပ်ဆောင်တော့မယ်ဗျာ။ !PIZZA

0
0
0.000
avatar

Trade လို့ရာတာ ကြာပေါ့ ညီလေးရေ !PIZZA

0
0
0.000
avatar

ဟုတ်ပါတယ် Hive engine token များကသာ ပိုမိုအားကောင်းလာနိုင်ပြီး အားထားရမယ့် token တွေ ဖြစ်လာနိုင်ပါတယ်။ကြိုးစားစုဆောင်းပါ့မယ်အစ်ကို။ !PIZZA

0
0
0.000
avatar

HE မှာလည်း အလားအလာ ကောင်းတဲ့ Token တွေ အများကြီးပါ။ !PIZZA

0
0
0.000
avatar

ဟုတ်တယ်။အပြင်က coinစျေးတွေ မသိတော့ဘူး။ hive ပဲ အာရုံစိုက်ဖြစ်နေတော့။ !PIZZA

0
0
0.000
avatar

အတူတူပဲ ညီမရေ.... တခြား coin တွေ ဘယ်ဈေးဖြစ်ဖြစ် စိတ်မဝင်စားတော့တာ။ !PIZZA

0
0
0.000