Hive Platform နှင့် Game ကစားစရာ ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ ယနေ့တော့ Hive Platform ဘက်သို့ ပြန်လှည့်ကြပါစို့။ Hive ဈေးက တအိအိပြန်ကျလာပြီ ဖြစ်သော်လည်း ဈေးအတက် အကျ များကြားတွင် Hive platform ကတော့ အနေသားကျနေပြီ ဖြစ်သလို ကျွန်တော်တို့လည်း အနေသားကျလာခဲ့ပြီ ဖြစ်ပါသည်။

ယခင်က Hive Platform မှ ထွက်လာသော Project များတွင် အများအားဖြင့် Blogging ဘက်ကိုသာ ပို၍ ဦးတည်ခဲ့ကြပါသည်။ ဥပမာအား ဖြင့် PAL / Leofinance/ Community Coin / Neoxian / POB / Sport / Foodie / အစရှိသဖြင့် အတော်များများသည် Blogging platform များဖြစ်ကြသည်ကို သတိပြုမိပါလိမ့်မည်။

မိမိက ဆောင်းပါး တပုဒ်ရေးလိုက်မည် သက်ဆိုင်ရာ Blog ၏ tag များတွဲလိုက်လျင် အဆင်ပြေသွားပြီဖြစ်သလို ထိုသက်ဆိုင်ရာ Blog မှ token များအား မိမိ Vote ရရှိသလောက် မိမိရနိုင်မည် ဖြစ်ပါသည်။ ကျွန်တော်တို့လည်း Hive Platform မှ ဤရေစီးကြောင်း အတိုင်း လိုက်ပါစီးမျှောနေခဲ့သည်မှာ အတော်လေးကြာလာပြီ ဖြစ်ပါသည်။

သို့သော် ယခုတလော ကျွန်တော်သတိထားမိလာသည်မှာ Hive Platform ၏ ရေစီးကြောင်းသည် တဖြည်းဖြည်း ပြောင်းလည်းလာနေပြီ ဖြစ်ပါသည်။ Hive Platform မှ ထွက်လာသော Project များသည် Social Media ထက် Gaming ဘက်သို့ ပို၍ ဦးတည်လာနေပြီ ဖြစ်ပါသည်။

ဤသည်မှာ လွန်ခဲ့သော တလခန့်က Splinterland ၏ SPS ဝက်ဝက်ကွဲ အောင်မြင်လာခြင်း၏ အကျိုးဆက်တခု ဖြစ်ပါသည်။ အများသိပြီး ဖြစ်သည့် အတိုင်း Splinterland အကြောင်းကတော့ မဖေါ်ပြတော့ပါ။

https://www.cryptobrewmaster.io ကလည်း အတော်များများ သိပြီးဖြစ်ပါသည်။ ဘီယာ ချက်လုပ်သော ဂိမ်းဖြစ်၍ ကျွန်တော့ထံတွင် ကဒ်အတော်များများရှိနေပါသေးသည်။ ထိုကဒ်များရောင်းချရန် Passport လုပ်ရမည်ဆိုသောကြောင့် ဘီယာဂိမ်းအား ဆက်မကစားတော့ခြင်း ဖြစ်ပါသည်။

သို့ပေသိ CBM token ကတော့ စုဆောင်းနေဆဲဖြစ်ပါသည်။ ဂိမ်းမကစားသည့်တိုင် အကြောင်းအမျိုးမျိုးကြောင့် ဈေးတက်လာလျင် ရောင်းစားရန် ဖြစ်ပါသည်။

နောက် ဂိမ်းတမျိုးကတော့ https://exode.io/ ဖြစ်ပါသည်။ ဤ game ကတော့ အာကာသနှင့် ပတ်သက်သော ဂိမ်းဖြစ်၍ ယခင်က လူအတော်များများ ကစားခဲ့ကြသည်ဟု ထင်ပါသည်။ ဤ ဂိမ်းနှင့်ပတ်သက်၍ ထုတ်လုပ်ထားသော Token မတွေ့ရသေးပါ။ Gamer ကြီးများ exode နှင့်ပတ်သက်သော HE token များသိလျင် အကြံပေးကြစေလိုပါသည်။

နောက်ဂိမ်းတခုကတော့ https://www.risingstargame.com/ ဖြစ်ပါသည်။ အဆိုတော် ဖြစ်ရန်ကြိုးစားသည့် ဂိမ်းဟုထင်ပါသည်။ Risingstar token ရှိပြီး ဖြစ်သလို Pizza နှင့်လည်း အဆက်အသွယ်ရှိသော Project ဖြစ်ပါသည်။

အခြားသော ဂိမ်းတခုမှာ မြိုပြများ ဖန်တီးရသောရသော https://dcity.io/ ဖြစ်ပါသည်။ ကစားသူဦးရေ တဖြည်းဖြည်း များလာပြီ ဖြစ်သလို ထုတ်လုပ်ထားသော token မှာ SIM ဖြစ်ပါသည်။ SIM stacking လုပ်ထားလျင် reward အနေဖြင့် Hive အချိုးကျပြန်ရပါသည်။ သို့သော် အလွန်နည်းပါသည်။

https://rabona.io ကတော့ ဘောလုံးအားကစားကြိုက်နှစ်သက်သူများ အတွက်ဖြစ်ပါသည်။ Rebona မှ RBN token ထုတ်လုပ်ထားသော်လည်း ယခုအချိန်ထိတော့ ဈေးကွက်တင်နိုင်ခြင်း မရှိသေးပါ။

သတိထားရမည်ဖြစ်သော အခြားဂိမ်းတခုမှာ https://www.dcrops.com/game ဖြစ်ပါသည်။ Crop token ထုတ်လုပ်ထားသလို ဈေးကွင်တွင်လည်း တဖြည်းဖြည်းနေရာယူလာနေပြီ ဖြစ်ပါသည်။ Dcrops ဂိမ်းကတော့ စိုက်ပျိုးရေးသမားများ အကြိုက်တွေ့မည့် ဂိမ်းဖြစ်သလို ကျွန်တော်လေ့လာကြည့်သလောက် လောလောဆယ် အထိ အရှုံးမရှိသော ဂိမ်းဖြစ်ပါသည်။

တခုသာ ရှိပါသည် PC နှင့်သာ ကစား၍ ရသော ဂိမ်းဖြစ်ပြီး မကြာခင် ဖုန်းများဖြင့် ကစား၍ ရလာနိုင်ပါသည်။ https://oceanplanet.io/ ဂိမ်းကတော့ ပင်လယ်ဓမြ ဂိမ်းဖြစ်မည်ဟုထင်ပါသည်။ သူလည်း PC game ဖြစ်မည်ဟုထင်ပါသည်။ လောလောဆယ် အထိတော့ Token ထုတ်ထားသည်ကိုမတွေ့ရသေးပါ။ PC ရှိသူတို့ စမ်းကြည့်ကြပါကုန်။

အထက်တွင် ကျွန်တော်ဖေါ်ပြပေးခဲ့သော Blockchain game များသည် Hive Platform တွင်ကျင်လည်နေသူတိုင်း သိကြမည် ဖြစ်သော်လည်း ပင်းမ game ထွက်မလာသေးပဲ နာမည်ကြီးနေသော Game token နှစ်ခုတွေ့ထားပါသည်။

တခုမှာ Pizza ဖြစ်ပါသည်။ Pizza ကတော့ ထွေထွေထူးထူးပြောစရာမလိုပါ။ အားလုံးအသိဖြစ်ပါသည်။ နောက် token တခုမှာ Psyber-X ၏ LVL token ဖြစ်ပါသည်။ LVL သည် game ထွက်မလာသေးသော်လည်း Token ဝယ်လိုအား အတော်လေးတက်လာသည်ကို တွေ့ရပါသည်။

Game ကစားကောင်းသော Gamer ကြီးများ လက်မလွတ်သင့်သော game တခုဖြစ်လာလိမ့်မည် ထင်ပါသည်။ LVL token သည် အခြားသော Blockchain game များကဲ့သို့ token ဘီလီယံ / ထီရီလီယံ နှင့်ချီ၍ ထုတ်ထားခြင်းမရှိပါ။ LVL token မှာ သန်း ၅၀၀ သာထုတ်ထားပါသည်။

ထို့ကြောင့် မိတ်ဆွေတို့ အနေဖြင့် Hive platform ၏ ပြောင်းလည်းလာသော ရေစီးကြောင်းနှင့် အညီ ဝယ်စုထားသင့်သော Gaming token များအား ဖေါ်ပြပေးရခြင်း ဖြစ်ပါသည်။ ကျွန်တော် ကိုယ်တိုင်ကတော့ Game ကစားခြင်း ဝါသနာ မပါပါ။ သို့သော် Game ကစားစရာမလိုပဲ ထို Game မှ ပိုက်ဆံထုတ်ယူနေရသည်ကိုတော့ ဝါသနာပါပါသည်။

Henry Aung ( Kachin )

12/10/2021 - Tuesday - 18;17 Pm



0
0
0.000
16 comments
avatar

ဂိမ်းတွေကတော့ အားရစရာပါ ဂိမ်းဆော့သူတွေအတွက်
အဆင်ပြေပေသည်။
!PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!
PIZZA Holders sent $PIZZA tips in this post's comments:
uthantzin tipped kachinhenry (x1)
kachinhenry tipped naythan (x1)
kachinhenry tipped uthantzin (x1)
kachinhenry tipped myothuzar (x1)
nyinyiwin tipped kachinhenry (x1)
naythan tipped kachinhenry (x1)
sheinthu tipped kachinhenry (x1)
htwegyi tipped kachinhenry (x1)
kachinhenry tipped sheinthu (x1)
@kachinhenry(6/20) tipped @donjaun (x1)
kachinhenry tipped nyinyiwin (x1)
donjaun tipped kachinhenry (x1)
Learn more at https://hive.pizza.

0
0
0.000
avatar

rabona ကဆော့တယ် ကိုဟင်။
ဒါပေမယ့် ဒီထက် တွင်ကျယ်လာဖို့တော့ လောလောဆယ် မမြင်မိ
သူ့ RBN က သိပ် လှုပ်လှုပ် လှုပ်လှုပ် ဖြစ်ဖို့ မရှိဘူး။
အပြင်မှာ ရှိတဲ့ ကစားသမားတွေ အတိုင်း ထည့်ပေးနိုင်ရင် ပိုကောင်းမယ်။ SP game လိုမျိုး player card တွေ လုပ်လိုက်ရင် ပိုကောင်းမယ်။ ခုဟာက ၇ ရက် တခါ reward အနေနဲ့ ပြန်ပို့ပေးတဲ့ 0.5 hive လောက်လေးပဲ မက်စရာ ရှိတယ်။
!PIZZA

0
0
0.000
avatar

ကိုယ့်ဆရာ PC ရှိတယ်ဆိုရင်တော့ Dcrops အခုကတည်းကဆော့ထားသင့်တယ်လို့ထင်တယ်။ အကြံပေးတာပါ။ သူက အစပဲရှိသေးလို့ Reward ကောင်းတယ်လို့ကြားတယ်။ ကိုဟင်တော့ Season တွေ စောင့်ရ ကဒ်ဝယ်ရ တွေ ကြောင့်မို့ token ပဲစုတော့တယ်။ !PIZZA

0
0
0.000
avatar

ကိုဟင်ပြောမှပဲ စုံစုံလင်လင်သိရတော့တယ် ဘလော့ချိန်းgame ဆိုလို့ ဘီယာစက်ရုံဂိန်းနဲ့ စပလင်တာဂိန်း ၂မျိုးပဲဆော့သေးတယ် အဆိုတော်ဂိန်းလေး စမ်းကြည့်အုန်းမယ် Gamer ကြီးတွေ အကြိုက် ဘလော့ချိန်းကြီးကတော့ ဟင်းလေးအိုးကြီးပါပဲနော်။ !PIZZA

0
0
0.000
avatar

ဒိုမီလေးတို့ ကိုမိုးဇော်တို့လို ဂိမ်မာကြီးလုပ်တော့မယ်ပေါ့။ !PIZZA

0
0
0.000
avatar
(Edited)

ကျနော်​ကတော့ ..ခုလောဆယ် dcity ဘက်ဆော့နေတယ်။ဆော့တယ်သာပြောရတာ ကိုယ့်မြို့ပြရဲ့ ဘက်ပေါင်းစုံ ဖံွ့ဖြိုးတိုးတက်မူအတွက် လိုအပ်ချက်ဆိုတာရှိလာတယ်။အဲ့လိုအပ်ချက်တွေနဲ့ မြို့ပြမှာဖြည့်ဆည်းလာဖို့ ကဒ်တွေနဲ့အစားထိုးလိုက်တယ်။တခုလိုတယ်ထင်ရင် တခါဝယ်ရတော့တာပဲ😂။ဒါမယ့် ကဒ်တွေကို ဝယ်တဲ့နေရာမှာကို ဒီကဒ်ကိုဝယ်လိုက်ရင် အဲ့ကဒ်ကို support ပေးနိုင်တဲ့ကဒ်တွေလည်းဝယ်တက်မှရအုံးမယ် အဲ့ဒါမှမူရင်ကဒ်က ပိုပီးထုတ်လုပ်မူအားပိုကောင်းလာတဲ့ပေါ့ဗျာ..သူချည်းဆို တခါတခါ inactive card လည်းြဖစ်သွားတက်ပါတယ်။နဲနဲဝယ်ဆော့ဆော့လာရင် နားလည်လာမှာပါ အလကားဆော့မရသေးပါ ခုလောဆယ်ကျနော်သိသလောက်တော့။ ။တခါတခါမှာ cardတွေက randomပေးအလှည့်စနစ်လည်းရိှပါတယ်လို့😅။!PIZZA

0
0
0.000
avatar

ဟုတ်ပါ့.... ဝင်ကြည့်လိုက်ရင် ကဒ်တွေက ဈေးတွေမြှောက်နေရောပဲ။ အဲတော့ game token စုတာပဲကောင်းပါတယ်။ !PIZZA

0
0
0.000
avatar

ဟုတ်ပ အစ်ကိုရေးပြမှပဲ Game အစုံ token အစုံ သတိထားမိတော့တယ်။ Game ဆော့ ဝါသနာပါတဲ့သူတွေ အတွက် လမ်းကြောင်းတွေ အများကြီးပါပဲ ဆော့ကြပါလို့...!PIZZA

0
0
0.000
avatar

အေးပေါ့... အရည်မရအဖတ်မရ ဂိမ်းတွေဆော့တာထက်စာရင်တော့ ကိုယ့်အတွက်အကျိုးရှိတဲ့ ဂိမ်းဆော့တာက ပိုကောင်းပါတယ်။ !PIZZA

0
0
0.000
avatar

ဘီယာဂိမ်းက ဆော့နေပေမဲ့ မမိုက်ပါဘူး။dcrops တော့ စိတ်ဝင်စားတယ်။ အချိန်အများကြီး မပေးရရင်တော့ ကစားချင်တယ်။

0
0
0.000
avatar

Dcrops ကလည် season နဲ့ပဲ... ရာသီအလိုက် သီးနှံစိုက်ရတာ..... ရိတ်သိမ်းပြီးရင် ပြန်ရောင်း အဲသလိုပေါ့.... အဲဒီ Dcrops က ထွက်လာတာ သိပ်မကြာသေးတော့ reward ကောင်းတယ်လို့ကြားတယ်။ !PIZZA

0
0
0.000
avatar

အကိုပြောခဲ့သလို hive က ရွေးချယ်စရာများတော့
ညီ့လို စာရေးအား သိပ်မသန်တဲ့လူတွေအတွက် ကောင်းသွားတယ်
ညီကတော့ rising star game နဲ့ splinterlands game ကစားနေတယ် အကို
!PIZZA

0
0
0.000
avatar

အခြေအနေကောင်းရဲ့လား... ဘာပဲဖြစ်ဖြစ် reward ရတယ် ကိုယ့်အတွက် အကျိုးရှိတယ် ဆိုရင်တော့ အားပေးတယ်။ ကျွမ်းကျင်ရာ လိမ္မာပေါ့။ !PIZZA

0
0
0.000
avatar

ဟုတ်ကဲ့အကို reward ရတယ်အကို

0
0
0.000