Hive Engine တွင်အမဲသားစားကြသူများ ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ ယခုတလော ကျွန်တော်သတိထားမိသည်မှာ Pizza ထံမှ reward မရတော့ခြင်းဖြစ်ပါသည်။ မိတ်ဆွေတို့တော့ ဘယ်လိုရှိသည်မသိ။ ခါတိုင်းဆိုလျင် ကျွန်တော့ အနေဖြင့် Pizza ပို့သော ကြောင့် reward အနေဖြင့် 1 pizza လောက်ရပါသည်။ ယခု ထို reward မရတော့သည်မှာ တပတ်လောက်ရှိပြီ ဖြစ်ပါသည်။

Ecency ကပဲ ချေသည်ဟု ထင်နေရာမှ ယခုတော့ Pizza ကလည်း ချေပြီ ထင်။ မတတ်နိုင်။ သူရို့ ပေးမှ ရမှာဆိုတော့။ အမှန်တော့ Discord သွားလိုက်လျင် အကြောင်းစုံ သိရမည် ဖြစ်သော်လည်း တခါတလေ Discord တွင် ဝင်မေးရသည်ကလည်း စိတ်ပျက်စရာ။ သူတို့ အချင်းချင်း စကားပြောနေချိန်တွင် ကိုယ်ကကြားဖြတ်မေးလိုက်ရမည်မှာ အတော်အားနာစရာ ကောင်းပါသည်။ ရှိစေတော့။

Hive Platform တွင် token စုနေရသည်ကလည်း အရူးအမဲသား ကျွေးသကဲ့သို့သာ။ မိမိသဘောကျသော token ဆိုလျင်တော့ လက်ညှိုးသာ ထိုးချင်နေပါတော့သည်။

Pizza ကလည်း လောလောဆယ် ဘာမှမဟုတ်သေးဟု ဆိုသော်လည်း မြန်မာငွေဖြင့်တွက်လျင်တော့ Pizza Token ၁၀ ခုခန့်ဆိုလျင်တော့ တကယ်စားလို့ရသည့် Pizza ဝယ်စားနိုင်ပါသည်။ စဉ်စားကြည့်လျင်တော့ လူရယ်ချင်စရာသာ ဖြစ်ပါသည်။ Digital Pizza အား ရောင်းကာ တကယ်စားလို့ရသည့် Pizza ဝယ်စားသည်ဆိုတော့။

သူ့နောက်မှ လိုက်လာသည့် Archon တို့ AHS တို့ကလည်း သူ့ဈေးနှင့် သူတန်ဖိုးရှိနေကြသည် ဆိုတော့ သူတို့အားလည်း လက်ညှိုးထိုးချင်စရာ။ ထွေထွေထူးထူး အလုပ်ရှုပ်စရာမလိုပါ။ သက်ဆိုင်ရာ token အား stack လုပ်ထားပြီးလျင် မိမိ post များအား tag တွဲပေးရုံသာ ဖြစ်ပါသည်။

CCC ကလည်း partner အတော်များများနှင့် လက်တွဲကာ မြိုင်မြိုင်ဆိုင်ဆိုင် ပွဲထွက်လာနေပြီ ဖြစ်ပါသည်။ CCC token ဈေးကလည်း မသိမသာ တက်လိုက်ကျလိုက် ဖြင့် အထက်သို့ ဆွဲခေါ်တက်နေသည်ကို တွေ့ရပါသည်။ ငွေယားလေးရှိသည်နှင့် CCC အား လက်ညှိုးတထိုးထိုးသာ ရှိနေသည်ကတော့ သေချာပါသည်။

ယခုတလော ကိုရွှေ Gamer တို့ ခေတ်ကောင်းပြီ ဆိုသဖြင့် အများနှင့် အတူ နောက်မကျရလေအောင် Game Token လေးကလည်း ဝယ်စုထားချင်သေးသည်။ ဆိုတော့ အရူးအမဲသား ကျွေးမိသကဲ့သို့ Token မြင်တိုင်း လက်ညှိုးထိုးချင်နေပါတော့သည်။

မိတ်ဆွေ အနေဖြင့် မေးစရာရှိသည်မှာ " ကိုဟင်က token တွေကြီးပဲ ကြိတ်စုနေတာ ဘယ်အချိန် ပိုက်ဆံထုတ်စား နိုင်မှာလဲ " ဟူသော အမေးဖြစ်ပါသည်။ ဤ အမေးသည် ဟိုယခင် ၂၀၁၇ ခန့်တွင်လည်း Steemit Platform တွင် အချို့မေးခဲ့ဘူးပါသည်။

SP စုကြပါရန် ပြောသော အခါ SP ကြီးပဲ စုလျင် ဘယ်အချိန် ပိုက်ဆံ အဖြစ်ထုတ်ယူ နိုင်ပါမည်နည်း။ ထိုအချိန်ကတော့ တိကျသော အဖြေကျွန်တော့ တွင် မရှိခဲ့ပါ။ သို့သော် SP သည် အရေးကြီးသည်ကတော့သိပါသည်။

ထိုအချိန်ကတော့ SMTS ရေပန်းစားနေချိန် ဖြစ်သဖြင့် Steem Power သည် SMTS တွင် အသုံးဝင်လာပါလိမ့်မည်ဟု သာ ဖြေနိုင်ခဲ့ပါသည်။ ယခု Hive Platform တွင်လည်း ထိုအတိုင်သာ Hive Power စုနေခဲ့ကြပါသည်။

မိမိ၏ ပင်မ ဝင်ငွေစီးကြောင်း ဖြစ်သော Hive Power အား အသုံးပြုကာ နောက်ထပ် ဝင်ငွေစီးကြောင်း အသေးလေးများ ထပ်မံရရှိစေရန် Hive Engine Token များဖြင့် လမ်းဖေါက်နေခြင်း ​ဖြစ်ပါသည်။

ဤ အတော အတွင်း အကျိုးအမြတ်များလည်း ထုတ်ယူ ယုံသာမက အလှူ အတန်းများပင် လုပ်နိုင်ခဲ့ကြပါသည်။ ဘယ်တုန်းက ဘယ်လိုပုံစံနဲ့ ထုတ်ယူကြသည်ကိုသာ မမှတ်မိတော့ခြင်း ဖြစ်ပါသည်။

လူရွှင်တော်များ ပြောသကဲ့သို့ " ဆားများ စားရတယ် မရှိပါဘူး ဟင်းခတ်တာနဲ့ ကုန်တာပဲ " ဟူသကဲ့သို့ Hive Power ဘယ်လိုများလာသလဲ မသိပါဘူး အချိန်တိုင်း power ဘယ်လို များအောင်လုပ်နေရတာနဲ့ အချိန်ကုန်တာပါပဲ ပြောရမလိုပင် ဖြစ်ပါသည်။

မိတ်ဆွေတို့လည်း ငါ့မှာ Hive Power မှ မရှိတာ ဘယ်လိုလုပ်မလဲဟု စိတ်မပျက်စေလိုပါ။ Hive Platform ၌ လျှောက်လှမ်းရာတွင် အရေးကြီးဆုံးမှာ အချိန်နှင့် ဝရိယဖြစ်ပါသည်။

မိတ်ဆွေတွင် Hive Account တခုရှိခြင်းသည် ဝင်ငွေစီးကြောင်းတခု ပိုင်ဆိုင်ခြင်းပင်ဖြစ်ပါသည်။ မိမိက ဝရိယထားကာ post တင်ခြင်း ဖြင့် အချိန်တခုရောက်လျင် ဝင်ငွေ စီးကြောင်း ကြီးဖြစ်လာပါလိမ့်မည်။

ယခုဆိုလျင် မိတ်ဆွေ အနေဖြင့် Hive Account အား Hive Engine token များဖြင့်လည်း ချိတ်ဆက်ထားသည် ဖြစ်ရာ အခြာသူငါများက မိမိ Post အား Vote ဟူသော ကလစ် တချက်နှိပ်လိုက်သည်နှင့် မတူညီသော Token များက မိမိနှင့် ဆိုင်ရာဆိုင်ရာ Wallet အတွင်သို့ ရောက်ရှိသွားကြမည် ဖြစ်ပါသည်။

ထို့ကြောင့် Hive Engine token များကလည်း သူ့တန်ဖိုးနှင့်သူ ရှိနေသည်ဖြစ်ရာ ကျွန်တော်ကတော့ Hive Engine သို့ ဝင်ရောက်တိုင်း Token များတွေ့လျင်လက်ညှိုးထိုးနေအုံးမည်သာ ဖြစ်ပါသည်။

Henry Aung ( Kachin )

02/11/2021 - Tuesday - 17;56 Pm



0
0
0.000
11 comments
avatar

လိုနေတာ power ပဲ
!PIZZA

0
0
0.000
avatar

Power ရိန်ဂျား အနီကောင်... 😁😁😁 !PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped uthantzin (x1)
donjaun tipped kachinhenry (x1)
kachinhenry tipped nyinyiwin (x1)
kachinhenry tipped htwegyi (x1)
nyinyiwin tipped kachinhenry (x1)
uthantzin tipped kachinhenry (x1)
@kachinhenry(5/20) tipped @donjaun (x1)
myothuzar tipped kachinhenry (x1)
htwegyi tipped kachinhenry (x1)
kachinhenry tipped myothuzar (x1)

Join us in Discord!

0
0
0.000
avatar

pizza ကတစ်ခါတစ်လေ ပေးလို့ မရ သလို ဖြစ်တတ်တယ်နော်။ကိုယ် stake တာပဲနည်းလို့လား။သူ့တို့ဘက်ကပဲ error ဖြစ်တာလား မသိဘူး။
!PIZZA

0
0
0.000
avatar

တခုခုတော့ တခုခုပဲ... reward မရတော့ Stacking လုပ်ထားလည်း ဘားမှ မထူးဘူးလေ။ !PIZZA

0
0
0.000
avatar

လက်ညိုးတထိုးထိုးနဲ့ ပွဲဈေးတန်းခေါ်သွားတဲ့ ကလေးကျ‌ေနတာပ။
!PIZZA

0
0
0.000
avatar

မြင်မြင်သမျှ သဘောကျ ဝယ်ချင်စရာ ကောင်းနေတာကိုးလို့။ !PIZZA

0
0
0.000
avatar

ဟုတ်ပ လိုချင်တာတွေများတော့ လက်ညိုးတွေပဲ ထိုးနေရတော့မယ်ထင်တယ်။ !PIZZA

0
0
0.000
avatar

မဝယ်ရလည်း လက်ညှိုးထိုးရတာပေါ့။ ကြည့်လေ ကြည့်လေ ဝယ်ချင်စရာ ကောင်းလေပဲ။ !PIZZA

0
0
0.000
avatar

တကယ်ပဲဗျို့ တွေ့သမျှလိုချင်နေတာ တိုကင်မှန်သမျှ သူ့ဟာနဲ့သူ ထိုးဖောက်တက်လာနေကြတော့ ကလေးနဲ့ အရုပ်ပွဲခင်းတွေ့သလိုဖြစ်နေပီဗျို့။ !PIZZA

0
0
0.000
avatar

ပိုက်ပိုက်သာ ရှိလို့ကတော့ ဝယ်ထားလိုက်မှာ အားလုံး။ !PIZZA

0
0
0.000