Hive Engine Token များနှင့်ပတ်သက်၍ ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ ယမန်နေ့က ကျွန်တော် ဖေါ်ပြပေးခဲ့ပြီးဖြစ်သော Hive Engine token များနှင့်ပတ်သက်၍ အနည်း ငယ် အကျယ်ချဲ့၍ ရှင်းပြလိုပါသည်။ ကျွန်တော့ အနေဖြင့် Token ဈေးများအား မြန်မာကျပ်ငွေဖြင့် ဖေါ်ပြပေးရခြင်း မှာ ရည်ရွယ်ချက် ၂ ခုရှိပါသည်။

ပထမတခုမှာ မိမိတို့ စာရေး post တင်ရင်း ရှာဖွေနေကြသော token များမှာ USD အားဖြင့် သုည ဒသမနောက်မှ ကိန်းဂဏန်း မျှသာ တန်ဖိုးရှိနေသေးသော်လည်း မိမိတို့ မြန်မာကျပ်ငွေဖြင့် တကျပ် / ၃၀ ကျပ် ၅၀ / ၁၀၀ / ၃၀၀ ကျပ် စသည်ဖြင့် တန်ဖိုးရှိနေသော token များ ဖြစ်ပါသည်။

Token ၁ ခုလျင် ၁ ကျပ်မျှသာ ဖြစ်သော်လည်း ကြာလာသည်နှင့်အမျှ ဈေးကွက်ပြောင်းလည်းသွားကာ ၁၀ ကျပ် လည်းဖြစ်နိုင်သလို ၁၀၀ ကျပ်လည်း ဖြစ်လာနိုင်ပါသည်။

ထို့ကြောင့် တန်းဖိုးနည်းနေသေးသော်လည်း လုံးဝတန်ဖိုးမရှိသော token များ မဟုတ်ကြသည်ကို သဘောပေါက်စေရန်ရည်ရွယ်ပါသည်။

ဒုတိယတခုမှာ ယခင်က ကျွန်တော်တို့ Post တင်ရာတွင် Hive တခုတည်းအတွက်သာ reward ရခဲ့ကြပါသည်။ Hive power စုနိုင်ရန် အတွက် နေ့စဉ် မှန်မှန် post တင်နေရ၍ ရရှိလာသော reward မှာလည်း Hive / HBD သာ ရှိခဲ့ပါသည်။

သို့သော် Hive Platform ၏ ပြောင်းလည်း တိုးတက်လာသော အခြေအနေများကြောင့် မိမိ Post တခုတင်လျင် tag တွဲယုံမျှဖြင့် အခြားမတူညီသော token များအားလည်း reward အဖြစ်ရနေသည်ကို သိစေရန် ရည်ရွယ်ပါသည်။

ဤတွင် မိတ်ဆွေအနေဖြင့် တခုသိထားရန်လိုသည်မှာ မိမိ tag တွဲသော်လည်း မိမိအား Vote ပေးသူတို့တွင် သက်ဆိုင် token များ၏ power မရှိလျင် မိမိ အနေဖြင့် ထို token အား မရနိုင်သည်ကို သိထားစေလိုပါသည်။

ဥပမာ ပြရလျင် မိမိတွင် Leo / CCC/ POB / NEOXAG/ Archon အစရှိသော token များ Power up လုပ်ထားသည့် အတွက် မိတ်ဆွေတို့ tag တွဲထားသော post များအား Vote ပေးလိုက်လျင် ကျွန်တော့တွင် power ရှိသလောက် Hive မှစပြီး သက်ဆိုင်ရာ token အသီးသီး အား reward အဖြစ်ရရှိမည် ဖြစ်ပါသည်။

သို့သော် ကျွန်တော့တွင် PAL power up ထားခြင်းမရှိသော ကြောင့် မိတ်ဆွေအနေဖြင့် မိတ်ဆွေ၏ post တွင် PAL tag တွဲထားသော်လည်း PAL reward ရရှိနိုင်မည် မဟုတ်ပါ။

Blogging token များဖြစ်သည့်အတိုင်း လုပ်ငန်းဆောင်တာ များအားလုံးသည် Hive platform ၏ ပုံစံအတိုင်းသာ ဖြစ်ပါသည်။ ဤတွင် မိတ်ဆွေအနေဖြင့် ရလာသော reward များနည်းလွန်းသဖြင့် ဘယ်အချိန်တွင် အကျိုးအမြတ်ခံစားရပါမည်နည်းဟု မေးစရာ ဖြစ်လာပါသည်။

Hive Platform သည် Social Media Blockchain ဖြစ်ပါသည်။ Social media ဆိုသည့်အတိုင်း အဖွဲ့အစည်း များဖြင့် သွားရသည်ဖြစ်ပါသည်။ တယောက်ကောင်း ဖြင့် သွား၍ မဖြစ်နိုင်ပါ။ တယောက်ကောင်း သွား၍ မရဘူးလား ဆိုလျင် ရပါသည်။

မိမိအရေးအသား / အနုပညာ / မိမိ post များသည် အခြားသူများထက် ထူးကဲသာလွန် ကောင်းမွန်၍ မြင်သူမှန်သမျှ vote မပေးပဲ မနေနိုင်အောင် ကောင်းလှပါသည် ဆိုလျင်တော့ တယောက်ကောင်း လျှောက်လှမ်းနိုင်ပါသည်။

သို့မဟုတ်လျင်တော့ Community များသို့ဝင်ရောက်မိတ်ဖွဲ့ကာ လျှောက်လှမ်းသွားရမည် ဖြစ်ပါသည်။ ဤသို့ လျှောက်လှမ်းရင်း မိမိက HP 1000 ဖြစ်လာလျင် HP 500 တို့အား တွဲခေါ် HP 500 ရှိသူများကလည်း HP 100 ရှိသူတို့အား တွဲခေါ်စသည်ဖြင့် ညီညီညာညာ လျှောက်လှမ်းသွားရမည် ဖြစ်ပါသည်။

မိတ်ဆွေတို့ အနေဖြင့် အစပိုင်းတွင် HP နည်းနေခြင်း အပေါ် စိတ်မပျက်စေလိုပါ။ HP 10 ၏ လုပ်နိုင်စွမ်းနှင့် HP 100 ၏ လုပ်နိုင်စွမ်းကွာသလို HP 1000၏ လုပ်နိုင်စွမ်းကလည်း HP 10000 ၏ လုပ်နိုင်စွမ်းနှင့် ကွာပါသည်။

ဆိုလိုသည်မှာ မိတ်ဆွေအနေဖြင့် ပထမ HP 100 ရရန် သုံလမျှ ကြိုးစားစုရသည် ဆိုလျင် နောက်ထပ် HP 100 ရရန် ၂ လခွဲခန့်သာ ထပ်မံအချိန်ယူရတော့မည် ဖြစ်ပါသည်။ Hive Power များလာလေလေ လုပ်နိုင်စွမ်း ပိုများလာလေဖြစ်ကာ အချိန်တခုရောက်လျင် မိမိ Hive power ဖြင့် အသာလေး စီးမျှော သွားနိုင်ပါလိမ့်မည်။

ထိုအချိန်သည် ဘယ်အချိန်လည်း ဆိုသည်တော့ ကျွန်တော်လည်း မသိပါ မိတ်ဆွေ၏ ဇွဲလုံလဝရိယ အပေါ်တွင်မူတည်နေပါသည်။ သေချာသည်တခုကတော့ Hive Platform ပေါ်လျှောက်လှမ်းရသည့်ခရီးက တရက် တလ တနှစ် မဟုတ်သည်ကတော့သေချာပါသည်။

အဘယ်ကြောင့်ဆိုသော် HP များသထက်များလာအောင်သာ ကြိုးစားနေသောကြောင့် မိမိအနေဖြင့် ၅ နှစ်ဟူသော အချိန်မှာ မနေ့တနေ့က ဖြစ်ပျက်သွားသကဲ့သို့သာ။

ကျွန်တော့ အနေဖြင့် Steemit ကာလမှစပြီး ယခု Hive Platform တွင်လည်း တခုတည်းကိုသာ တစိုက်မှတ်မှတ်သတိပေးခဲ့ပါသည်။ Power စုရန်ဖြစ်ပါသည်။ Hive Blockchain ၏ အသက်သည် Hive Power ဖြစ်ပါသည်။

မိတ်ဆွေအနေဖြင့် Hive power များလာလျင် မိမိကိုယ်ကို Vote ယူ၍ reward ပိုများများရ ယူရန်ဟု ထင်ကောင်းထင်ပါလိမ့်မည်။ ဤ Hive Power ဖြင့် Hive Platform ပေါ်တွင် မည်ကဲ့သို့အလိုက်သင့် စီးမျှော နိုင်ကြောင်းကို မနက်ဖြန် တွင် ဆောင်းပါးတပုဒ်ရေး၍ အကျယ်ချဲ့ ရှင်းပြပေးပါမည်။

Henry Aung ( Kachin )

18/10/2021 - Monday - 16;54 Pm



0
0
0.000
14 comments
avatar

အလိုက်သင့်လေး စီးမျောကြတာပေါ့။ နက်ဖြန် စောင့်မယ်။
!PIZZA

0
0
0.000
avatar

အဆင်ပြေစွာ စီးမျှောနိုင်ပါစေ။ !PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!
PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped donjaun (x1)
kachinhenry tipped nyimwa (x1)
kachinhenry tipped nweoomon (x1)
donjaun tipped kachinhenry (x1)
kachinhenry tipped uthantzin (x1)
kachinhenry tipped htwegyi (x1)
htwegyi tipped kachinhenry (x1)
uthantzin tipped kachinhenry (x1)
kachinhenry tipped nyinyiwin (x1)
nyinyiwin tipped kachinhenry (x1)
@naythan(8/10) tipped @kachinhenry (x1)
Learn more at https://hive.pizza.

0
0
0.000
avatar

ဆက်လက်စောင့်‌မျှော်နေပါတယ်။

0
0
0.000
avatar

ကျေးဇူးအများကြီးတင်ပါတယ်။ !PIZZA

0
0
0.000
avatar

အလိုက်သင့်စီးနေပါတယ်။ မနက်ဖန်ရဲ့ အရေးအသားကို စောင့်မျှော်
နေပါမည်။
!PIZZA

0
0
0.000
avatar

အဆင်ပြေစွာ စီးမျှောနိုင်ပါစေ။ !PIZZA

0
0
0.000
avatar

Community နှင့်သွားရသည်ဆိုတော့ တို့မြန်မာများ ညီညွတ်ကြပါလို့ ။

0
0
0.000
avatar

ဆုတောင်းရတာပါ့။ ၃ ယောက် ဖြစ်လာရင် ၄ ဖွဲ့ ကွဲတတ်ကြလို့။ !PIZZA

0
0
0.000
avatar

စတီးမစ်မှာတုန်းက စတင်းစမ်းချောင်းလေးဆိုပီး တင်စားခဲ့ရတယ် အခုလဲ ဟိုက်ဗ်စမ်းချောင်းလေးပေါ့ဗျာ။ !PIZZA

0
0
0.000
avatar

စမ်းချောင်းလေးကနေ မြစ်ကြီး ပင်လယ်ကြီး ဖြစ်အောင်ကြိုးစားကြတာပေါ့။ !PIZZA

0
0
0.000
avatar

မှန်ပါတယ် မိမိပိုင်ဆိုင်ထားသော Token power များအလိုက် မိမိ vote လုပ်လိုက်သော post အတွက် Post onwer က rewards ရရှိမှာဖြစ်ပါတယ်။
အစ်ကိုဆီမှာ palnet power မရှိတဲ့အတွက် palnet tag အတွက် rewards ရစရာအကြောင်း မရှိပါ။ !PIZZA

0
0
0.000
avatar

ဒါကြောင့် token power များများလိုချင်တာရယ်။ !PIZZA

0
0
0.000
avatar

Hp တော့အများကြီးရှိချင်တာ
လွဲချော်ခဲ့တဲ့ အတွေးတွေကြောင့် ပြန်ကြိုးနေပါတယ်
!PIZZA

0
0
0.000