Hive Engine token များအကြောင်း သိကောင်းစရာ ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ ယခုကျွန်တော် ရေးသားမည်ဖြစ်သော အကြောင်းအရာများတွင်လွဲမှားမှု တစုံတရာရှိလျင် ရေးသားသူကျွန်တော်၏ အရေးအသား အတွက်အချက် ကြောင့်သာ ဖြစ်ကြောင်း ကြိုတင် ဝန်ခံအပ်ပါသည်။

HE - Token ဈေးနှုန်းများအား မြန်မာကျပ်ဖြင့် ဖေါ်ပြရာတွင် Hive ဈေးနှုန်းဖြင့် ညှိနှိုင်းကာ ဖေါ်ပြပေးရခြင်း ဖြစ်သောကြောင့် ဈေးကွက် အပြောင်းအလည်း တွင် အနည်းငယ် လွဲချော်မှု ရှိနိုင်ပါသည်။ ထို့ကြောင့် အမှားအယွင်းအတွက် ကြိုတင် တောင်းပန်ထားရခြင်း ဖြစ်ပါသည်။

ယနေ့ ကျွန်တော် ဤစာရေးသာရန် Data စုနေချိန်တွင် Hive ဈေးမှာ 1 Hive လျင် မြန်မာငွေ ၁၅၁၂ ကျပ်ဈေး ပေါက်နေပါသည်။ ယခုကျွန်တော်ဖေါ်ပြမည် ဖြစ်သော Token များသည် Blogging ကို အခြေခံထားသော Social token များ ဖြစ်ပါသည်။

screen_shot_2021_10_17_at_11.07.10.png

PALNET ( PAL )

Blog - https://palnet.io

PAL token သည် စုစုပေါင်း ၁ ထီလီယံ ( ၁ နောက်တွင် သုံည ၁၂ လုံး ) ထုတ်လုပ်ရန် ရည်ရွယ်ထားပါသည်။ လက်ရှိအချိန်တွင် PAL token ၈ သန်းကျော်ထုတ်လုပ်ပြီးဖြစ်ကာ PAL ၅ သန်းကျော် မှာ Stack လုပ်ထားပါသည်။ (တနည်းပြောရလျင် PAL power up လုပ်ထားခြင်း ဖြစ်ပါသည်။ )

ယနေ့ဈေးကွက်တွင် PAL token များအား
(ဝယ်လိုဈေး = ၀.၀၃၇ hive မြန်မာကျပ် - ၅၅ ကျပ်ခန့် )
( ရောင်းလိုဈေး = ၀.၀၅၄ hive မြန်မာကျပ် - ၈၁ ကျပ်ခန့် ) ဈေးပေါက်နေပါသည်။
1 PAL အနေဖြင့် ပျမ်းမျှအားဖြင့် မြန်မာငွေ တန်ကြေး ၅၀ - ၈၀ ကျပ်ခန့်တန်ကြေးရှိနေပါသည်။

Leofinance ( Leo )

Blog - https://leofinance.io

Leo token သည် စုစုပေါင် token ၁ ဘီလီယံ ( သန်း တစ်ထောင် ) ထုတ်လုပ်ရန်ရည်ရွယ်ထားပါသည်။ လက်ရှိအချိန်တွင် Leo token စုစုပေါင်း ၈.၆ သန်းကျော် ထုတ်လုပ်ထားပြီး ဖြစ်ကာ ထိုအထဲမှာ Leo token ၄.၇ သန်ကျော် stack ( Leo power Up ထားခြင်း ) လုပ်ထားပါသည်။

ထို့ကြောင့် ဈေးကွက်အတွင်း၌လည်ပတ်နေသော Leo token အရေအတွက်မှာ ၂ သန်းကျော် ၃ သန်းနီးပါးခန့်သာ ရှိပါသည်။

ယနေ့ Leo token ပေါက်ဈေးမှာ ( ဝယ်လိုဈေး = ၀.၂၉ hive မြန်မာငွေဖြင့် ၄၃၈ ကျပ်ခန့် ) ( ရောင်းလိုဈေး = ၀.၃၀ hive မြန်မာငွေဖြင့် ၄၅၃ ကျပ်ခန့် ) ဈေးပေါက်နေပါသည်။

ပျမ်းမျှ အားဖြင့် လက်ရှိအချိန် 1 Leo token ဈေးမှာ မြန်မာငွေဖြင့် ၄၃၀ - ၄၅၀ ကျပ်ခန့်ဈေးပေါက်နေပါသည်။

Archon ( ARCHON)

Blog - https://www.archonapp.net

Archon token သည် စုစုပေါင်း token သန်း ၄၂၀ သာ ထုတ်ရန်ရည် ရွယ်ထားပါသည်။ လက်ရှိအချိန်တွင် စုစုပေါင်း Archon token ၃ သိန်းကျော်သာ ထုတ်လုပ်ထားပြီး ထိုအထဲမှ Archon ၂ သိန်းကျော်မှာ Stack ( archon power up ) လုပ်ထားပါသည်။ ထို့ကြောင့် ဈေးကွက်အတွင်းလည်ပတ်နေသော Archon token ပမာဏ မှာ သောင်းကဏန်းသာ ရှိပါသည်။

ယနေ့တွင် Archon token အနေဖြင့် ( ဝယ်လိုဈေး = ၀.၀၈၂ hive မြန်မာငွေဖြင့် ၁၂၃ ကျပ်ခန့် ) ( ရောင်းလိုဈေး = ၀.၀၈၉ hive မြန်မာငွေဖြင့် ၁၃၄ ကျပ်ခန့် ) ဈေးပေါက်ပါသည်။

ပျမ်းမျှ အနေဖြင့် ပြောရလျင် 1 Archon token သည် မြန်မာငွေဖြင့် ၁၂၅ - ၁၃၅ ကျပ် ဈေးပေါက်နေပါသည်။

CreativeCoin ( CCC )

Blog - https://www.creativecoin.xyz

CCC token အနေဖြင့် စုစုပေါင်း token ၁ ဘီလီယံ ( သန်း ၁၀၀၀ ) ထုတ်လုပ်ရန်ရည်ရွယ်ထားပါသည်။ လက်ရှိ အချိန်ထိ CCC token ၁၉ သန်းကျော် ထုတ်လုပ်ထားပြီး ထိူအထဲမှ CCC token ၁၀ သန်းကျော်မှာ stack ( CCC power up ) လုပ်ထားပါသည်။ ထို့ကြောင့် ဈေးကွက်အတွင်း၌ လည်ပတ်နေသော CCC token ပမာဏမှာ ၈ သန်း ခန့်သာရှိပါသည်။

ယနေ့ဈေးဖြင့် CCC token အား ( ဝယ်လိုဈေး = ၀.၀၀၃၀၃ hive မြန်မာငွေဖြင့် ၄.၅ ကျပ်ခန့် ) ( ရောင်းလိုဈေ = ၀.၀၀၃၀၄၂ hive မြန်မာငွေဖြင့် ၄.၅ ကျပ်ခန့် ) ဈေးပေါက်ပါသည်။

CCC token အနေဖြင့် ပျမ်းမျှအားဖြင့် မြန်မာငွေ ၄ ကျပ် - ၅ ကျပ်ခန့်သာ ဈေးပေါက်၍ ဈေးကွာခြားချက် မှာ ပြား ဂဏန်းသာ ရှိပါသည်။

Proofofbrain ( POB )

Blog - https://proofofbrain.io

POB token မှာ စုစုပေါင်း ၂၁ သန်းသာ ထုတ်ရန်ရည်ရွယ်ထားပါသည်။ လက်ရှိ အချိန်ထိ POB token ၁.၅ သန်းကျော်သာ ထုတ်လုပ်ထားပြီး ထိုအထဲမှ POB ၁.၄ သန်းကျော်မှာ Stack ( POB power up ) လုပ်ထားပါသည်။

ယနေ့ POB token ပေါက်ဈေးမှာ ( ဝယ်လိုဈေး = ၀.၁၉ hive မြန်မာငွေဖြင့် ၂၈၇ ကျပ်ခန့် ) ( ရောင်းလိုဈေး = ၀.၂ hive မြန်မာငွေဖြင့် ၃၀၂ ကျပ်ခန့် ) ဈေးပေါက်နေပါသည်။

ပျမ်းမျှအားဖြင့် 1 POB token ဈေးမှာ မြန်မာငွေဖြင့် ၂၈၀ - ၃၀ဝ ကျပ်ခန့် ဈေးပေါက်နေပါသည်။

AENEAS ( ASH )

Blog - https://www.aeneas.blog

ASH token အနေဖြင့် စုစုပေါင်း token သန်း ၁၀၀ သာ ထုတ်လုပ်ရန် ရည်ရွယ်ထားပါသည်။ လက်ရှိအချိန်ထိ ASH token ၇ သိန်းကျော်ထုတ်လုပ်ထားပြီး ထိုအထဲမှ ASH token ၄ သိန်းကျော်မှာ Stack ( ASH power up ) လုပ်ထားပါသည်။

ထို့ကြောင့် ဈေးကွက်အတွင်း၌ လည်ပတ်နေသော ASH token ပမာဏမှာ ၂ သိန်းကျော် ဝန်းကျင်သာ ရှိပါသည်။

ယနေ့ ASH ပေါက်ဈေးမှာ ( ဝယ်လို ဈေး = ၀.၀၁၄ hive မြန်မာငွေဖြင့် ၂၁ ကျပ်ခန့် ) ( ရောင်းလိုဈေး = ၀.၀၂ hive မြန်မာငွေဖြင့် ၃၀ ကျပ်ခန့် ) ဈေးပေါက်နေပါသည်။

ပျမ်းမျှအားဖြင့် 1 ASH ဈေးမှာ မြန်မာငွေဖြင့် ၂၀ - ၃၀ ကျပ်ဈေးပေါက်နေပါသည်။

Neoxian Silver ( NEOXAG )

Blog- https://www.neoxian.city

NEOXAG token အနေဖြင့် စုစုပေါင်း token ၄၂ ဘီလီယံ ထုတ်လုပ်ရန် ရည်ရွယ်ထားပါသည်။ လက်ရှိအချိန်တွင် NEOXAG token ၄၄ သန်းကျော် ထုတ်လုပ်ထားပြီး ဖြစ်ကာ ထိုအထဲမှ NEOXAG token ၃၇ သန်းကျော် မှာ Stack ( NEOXAG power up ) လုပ်ထားပါသည်။

ထို့ကြောင့်ဈေးကွက် အတွင်း၌ လည်ပတ်နေသော NEOXAG token အရေအတွက်မှာ ၆ သန်းကျော်ရှိနေပါသည်။

ယနေ့ NEOXAG ဈေးကွက်တွင် ( ဝယ်လိုဈေး - ၀.၀၀၀၇၆ မြန်မာငွေဖြင့် ၁ .၁ ကျပ် ) ရောင်းလိုဈေး = ၀.၀၀၀၈၆ မြန်မာငွေဖြင့် ၁.၃ ကျပ် ) ဈေးပေါက်နေပါသည်။ ထို့ကြောင့် ပျမ်းမျှအားဖြင့် 1 NEOXAG ပေါက်ဈေးမှာ မြန်မာငွေဖြင့် ၁ ကျပ် ကျော်ခန့် ဈေးပေါက်နေပါသည်။

အထက်တွင် ဖေါ်ပြခဲ့သော Token များ၏ Blogging site သို့ဝင်ရောက်ရန် မိမိ၏ hive အကောင့် Key များဖြင့်သာ ဝင်ရောက်နိုင်ပါသည်။ မိမိ post တင်လျင် ထို blogging site များ၏ tag တွဲထားလျင် သက်ဆိုင်ရာ Blog သို့ reward token မည်မျှရကြောင်း ဝင်ကြည့်နိုင်ပါသည်။ မနက်ဖြန်တွင် ထို Token များ၏ အသေးစိတ်အချက်အလက်များအား ထပ်မံဖေါ်ပြပေးပါမည်။

Henry Aung ( Kachin )

17/10/2021 - 18;12 Pm



0
0
0.000
20 comments
avatar
(Edited)

ဝိုး မဆိုးဘူးဗျ ကိုဟင်ဈေးနှုန်းအရဆို ကိုယ်တွေစုဆောင်ထားရကျိုး
နပ်ပဟေ့။။
!PIZZA

0
0
0.000
avatar

၂၀၂၅ လောက်ဆို ဦးထွေးတို့ Hive Platform ကနေပိုက်ဆံ ရိုက်ထုတ်ယူနေရုံပဲ။ !PIZZA

0
0
0.000
avatar

ပျော်ပြီလေ။

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!
PIZZA Holders sent $PIZZA tips in this post's comments:
myanmarkoko tipped kachinhenry (x1)
kachinhenry tipped nweoomon (x1)
naythan tipped kachinhenry (x1)
kachinhenry tipped nyimwa (x1)
kachinhenry tipped uthantzin (x1)
uthantzin tipped kachinhenry (x1)
htwegyi tipped kachinhenry (x1)
kachinhenry tipped naythan (x1)
kachinhenry tipped nyinyiwin (x1)
kachinhenry tipped donjaun (x1)
@kachinhenry(8/20) tipped @htwegyi (x1)
kachinhenry tipped myanmarkoko (x1)
Learn more at https://hive.pizza.

0
0
0.000
avatar

ဪ ဒီလိုကိုး
သိခွင့်ရလို့ကျေးဇူးတင်ပါတယ်ရှင်။
စောင့်မျှော်နေပါတယ်။

0
0
0.000
avatar

Token တွေရနေတာ မြန်မာကျပ်ငွေနဲ့ ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာ သိရတော့ စာရေးဖို့အတွက် ခွန်အားဖြစ်စေတာပေါ့။ !PIZZA

0
0
0.000
avatar

မြန်မာကျပ်ငွေနဲ့တွတ်ကြည့်တော့လည်း ဝယ်စုထားသင့်တာတွေကျိပဲနော့။
POB လေးကိုတော့ သဘောကျမိတယ်။ !PIZZA

0
0
0.000
avatar

အစ်ကိုလည်း POB ကိုကြိုက်တယ်။ သူက mining မရှိဘူး။ နည်းနည်းချင်း ဝယ်စုနေတယ်။ !PIZZA

0
0
0.000
avatar

ကိုဟင်ရေ ခုလို စုစည်းတင်ပေးတာ ကောင်းတယ်ဗျာ စုံစုံလင်လင် သိရတယ်။ !PIZZA

0
0
0.000
avatar

မြန်မာငွေနဲ့ တွက်ပြထားပေးတော့ ကိုယ်ရနေတဲ့ token တွေ တန်ဖိုးရှိနေတယ်ဆိုတာ သိရတာပေါ့။ !PIZZA

0
0
0.000
avatar

အကုန်ကြိုက်နေတာခက်တယ် အဟီး နဲနဲချင်းစုရမှာပဲ။

0
0
0.000
avatar

ရေရှည်ခရီးမို့ နည်းနည်းချင်းစီ စုသွားပါ။ !PIZZA

0
0
0.000
avatar

ဘယ်ဟာ ဝယ်ရမယ်မှန်း မသိ ဖြစ်နေပြီ

0
0
0.000
avatar

အကြိုက်ဆုံးကိုရွေးချယ်ဝယ်ယူပါ။ !PIZZA

0
0
0.000
avatar

အစ်ကို ဒီလိုလေး မြန်မာငွေနဲ့ ရေးပေးထားတာ ပိုပြီးအမြင်ဆန်းစေပါတယ်။ ဗဟုသုတတိုးပါတယ်အစ်ကို။ကျေးဇူးပါ။ !PIZZA

0
0
0.000
avatar

လူသစ်တွေအတွက်လည်း အားရှိစေတာပေါ့။ !PIZZA

0
0
0.000
avatar

Congratulations @kachinhenry! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s) :

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

0
0
0.000
avatar

မြန်မာငွေစျေးလေးနဲ့သိရတော့ ပိုမိုက်တယ်
ကျေးဇူးပါ အကို
!PIZZA

0
0
0.000
avatar

အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ !PIZZA

0
0
0.000