"Yin Htae Hmar Bae Htar Par Mae" — A Heartfelt Melody of Unspoken Love and Rising Star Progress

ဒီနေ့မှာတော့ Risingstar မှာ မြန်မာအလွမ်းသီချင်းလေးတစ်ပုဒ်ကို မျှဝေချင်ပါတယ် ဒီသီချင်းလေးက အချစ်ကြောင့်ဖြစ်ပေါ်လာတဲ့ ခံစားချက်ကို အနုစိပ်ပုံဖော် ထားတဲ့ သီချင်းလေး တစ်ပုဒ်ဖြစ်ပါတယ်။ အိုင်းရင်းဇင်မာမြင့် သီချင်းဆိုထားပြီး တေးရေး A Lynn ရေးစပ်ထားတဲ့ "ရင်ထဲမှာပဲထားပါမယ်" ဆိုတဲ့ သီချင်းလေးဟာ ဆုံစည်းခွင့်မရဘဲ ဝေးကွာသွားခဲ့ရတဲ့ အချစ်တစ်ခုအတွက် ခံစားချက်တွေကို လှပစွာ ပုံဖော်ထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

Today, I would like to share a sad Myanmar song on Risingstar. This track beautifully captures the delicate emotions born from love. Sung by Irene Zin Mar Myint and composed by A Lynn, "Yin Htae Hmar Bae Htar Par Mae" (I’ll Keep It in My Heart) gracefully portrays the feelings of an unfulfilled love where two people couldn't be together.

​ကျွန်မတို့ရဲ့ ဘဝမှာ ပိုင်ဆိုင်ခွင့်မရဘဲ မေ့ပစ်လိုက်ဖို့လည်း မဖြစ်နိုင်ခဲ့တဲ့ အချစ်မျိုး ကြုံဖူးကြပါတယ်။ အတူတူ လျှောက်လှမ်းဖို့ ကံပါမလာခဲ့ပေမဲ့ ရင်ထဲမှာတော့ တစ်သက်စာ နေရာယူထားဆဲ ဖြစ်တည်မှုတစ်ခုပေါ့။ "ရင်ထဲမှာပဲထားပါမယ်" ဆိုတဲ့ သီချင်းလေးဟာ အဲဒီလို မဖြစ်နိုင်တော့တဲ့ အချစ်တစ်ခုအပေါ် ထားရှိတဲ့ ဝမ်းနည်းကြေကွဲမှုနဲ့ ငြိမ်သက်စွာ လက်ခံလိုက်ရတဲ့ ခံစားချက်ကို အထိမိဆုံး နာကျင်ဖွယ် ပုံဖော်ထားတာပါ။

In life, many of us have experienced a kind of love that we couldn't possess, yet could never forget. Though destiny didn't allow us to walk side by side, it remains a presence that holds a place in our hearts for a lifetime. "Yin Htae Hmar Bae Htar Par Mae" touchingly expresses the sorrow and quiet acceptance of such an impossible love.

​သီချင်းရဲ့ အစမှာတင် "မလွမ်းဘူးလို့ ငါညာပါ့မယ်... လူမသိအောင်တော့ လွမ်းဖြစ်နေပါတယ်" ဆိုတဲ့ စာသားလေးက လူအများရှေ့မှာ သန်မာပြချင်ပေမဲ့ တကယ်တော့ ရင်ထဲမှာ အရမ်းကို အားငယ်နေရတဲ့ စိတ်အခြေအနေကို ပေါ်လွင်စေပါတယ်။ မပတ်သက်တော့ပါဘူးလို့ ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ထားပေမဲ့ အတိတ်က အမှတ်တရတွေ၊ နင်ပေးခဲ့တဲ့ အလွမ်းတွေက သံသရာလည်ပြီး ရင်ထဲမှာ ဒုက္ခပေးနေဆဲပါ။ မင်းမသိအောင် ရင်ထဲမှာပဲ ကြိတ်ပြီး လွမ်းနေရတာဟာ ပရိယာယ်မပါတဲ့ အဖြူရောင် အချစ်တစ်ခုရဲ့ စက်ဝိုင်းတစ်ခုလိုပါပဲ။

Right from the beginning, the lyric "I’ll lie that I don't miss you... but I secretly do where no one knows" highlights the state of mind of someone trying to appear strong in public while feeling profoundly vulnerable inside. Even after deciding not to be involved anymore, memories of the past and the lingering yearning continuously haunt the heart. Quietly longing for someone in secret feels like an unending cycle of pure, innocent love.

​"ဝဋ်ရှိလို့ ဆုံတွေ့တာ... မချစ်လို့မှ မဟုတ်တာ" ဆိုတဲ့ Chorus အပိုဒ်မှာတော့ နာကျင်မှုကို ကြီးမားတဲ့ နားလည်ပေးမှုနဲ့ ပေါင်းစပ်ထားတာကို တွေ့ရပါတယ်။ ငါတို့ ဝေးသွားကြတာဟာ အချစ်တွေ လျော့နည်းသွားလို့ မဟုတ်ဘဲ ရှေးရေစက်နဲ့ ဝဋ်ကြွေးတွေကြောင့်လို့ပဲ ဖြေသိမ့်နေရပါတယ်။ ချစ်မိသွားအောင် မထိန်းနိုင်ခဲ့တဲ့ ရင်ခုန်သံတွေ၊ စည်းကျော်မိခဲ့တဲ့ အပြစ်တွေကြောင့် ဒီလို ဝေးကွာခြင်းကို ရင်ဆိုင်ရတာပါဆိုပြီး ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်ပုံချသွားခဲ့ပါတယ်။

In the chorus line "We met due to karma... it's not because we didn't love each other," pain blends with deep understanding. Consoling oneself that the separation isn't due to a lack of love, but rather past karma and destiny, the speaker blames only themselves for failing to restrain their beating heart and crossing the line into love.

​ဒီသီချင်းဟာ ရုန်းထွက်လို့မရတဲ့ အချစ်ရဲ့ နာကျင်မှုကို အော်ဟစ်ငိုယိုမပြဘဲ ရင်ထဲမှာပဲ မြှုပ်နှံထားလိုက်တဲ့ အသံတိတ် နာကျင်မှု (Silent Heartbreak) ကို အလှပဆုံး ပုံဖော်ထားတာပါ။ အတိတ်မှာ ကျန်ခဲ့တဲ့ လူတစ်ယောက်ကို အငြိုးအတေးမရှိဘဲ မိမိရဲ့ ရင်ထဲမှာပဲ မြတ်နိုးစွာ ဆက်လက်သိမ်းဆည်းထားချင်သူတိုင်းအတွက် ဒီသီချင်းလေးဟာ ရင်ထဲကို အေးမြစွာ စီးဝင်စေမယ့် ခံစားချက်တေးတစ်ပုဒ် ဖြစ်ပါတယ်။ ဒါဆိုရင် သီချင်းလေးနားထောင်ဖို့ YouTube Linkထဲသွားလိုက်ကြရအောင်။ သီချင်းချစ်သူတွေ လိုက်ဆိုနိုင်အောင် မြန်မာလို သီချင်းစာသားကိုလည်း ထည့်ပေးလိုက်ပါတယ်။

ရင်ထဲမှာပဲထားပါမယ်
(Verse 1)
မလွမ်းဘူးလို့ ငါညာပါ့မယ် မပတ်သက်တော့တဲ့ လူတစ်ယောက်အတွက်
ရင်ထဲမှာပဲ ထားပါ့မယ် လူမသိအောင်တော့ လွမ်းဖြစ်နေပါတယ်
(Verse 2)
မလွမ်းဘူးလို့ ငါလိမ္လိုက်တယ် အတိတ်က အတိတ်လိုပါပဲကွယ်
ရင်ထဲမှာပဲ ထားပါ့မယ် နင်ပေးခဲ့သော အလွမ်းများ သံသရာလည်
(Pre-Chorus)
သတိရတိုင်းလွမ်းတယ် ဆိုတာကို မင်းမှမသိဘဲနဲ့
ချစ်မိနေတာ ငါ့အပြစ်ပါပဲ....
(Chorus)
ဝဋ်ရှိလို့ ဆုံတွေ့တာ‌ နေမှာပါ ဝဋ်ရှိလို့ ငါတို့တွေ ဆုံခဲ့တာ တကယ်ဆို ငါတို့ ဝေးခဲ့ရတာ
မချစ်လို့မှ မဟုတ်တာ ဝဋ်ရှိလို့ ဆုံတွေ့တာ နွေဟာပါ မချစ်မိသွားအောင် ထိန်းနေတဲ့ကြားက
ရင်ခုန်သံများ စည်းဖောက်မိတာ ငါ့ရဲ့အပြစ်တွေပါ တို့ဝေးပြီလား....
(Solo)
(Verse 3)
မလွမ်းဘူးလို့ ငါညာပါ့မယ် အတိတ်ကအတိတ်လိုပါပဲကွယ်
ရင်ထဲမှာပဲ ထားပါ့မယ် လူမသိအောင်တော့ လွမ်းဖြစ်နေပါတယ်....
(Pre-Chorus -> Chorus)

This song beautifully conveys a silent heartbreak—burying the inescapable pain of love deep inside without crying out loud. For anyone who wishes to treasure someone from the past in their heart without bitterness, this song flows gently into the soul. Now, let’s head over to the YouTube link to enjoy the track. I’ve also included the Myanmar lyrics so music lovers can sing along!

ဒါ့အပြင် ကျွန်မရဲ့ Rising Star ဂိမ်းခရီးစဉ်အခြေအနေလေးကိုလည်း မျှဝေပေးချင်ပါတယ်။ လက်ရှိမှာတော့ Level 111 ကို ရောက်ရှိနေပြီဖြစ်ပြီး STARBITS Millionaire mission လေးတွေ လုပ်ရင်း STARBITS တွေ စုဆောင်းနေပါတယ်။ ဒီနေ့မှာလည်း Band Rehearsal mission ကို Run ထားပြီး Total Fans 86,600၊ Skill 111,874 နဲ့ Ego 0% မှာ အသာစီးရအောင် ထိန်းထားနိုင်ဆဲပါပဲ။ ကဲ... ဂိမ်းကစားဖော် သူငယ်ချင်းတွေလည်း တေးဂီတခရီးစဉ်မှာ အဆင်ပြေကြပါစေနော်။

Additionally, I’d like to share a quick update on my Rising Star gaming journey. I’ve currently reached Level 111 and am actively collecting STARBITS through the STARBITS Millionaire missions. Today, I’m running the Band Rehearsal mission, maintaining a solid stat line with 86,600 Total Fans, 111,874 Skill, and keeping my Ego perfectly at 0%. Best of luck to all my fellow players on your musical journey!

0.00063457 BEE
0 comments