Unlocking a band member slot and national anthems

Songs have stories. I think the songwriters are composing people's backstories. The narratives of the songs are very good to listen to. I am very interested in the background stories that the songs tell.

The songs talk about love, parents' love, children's love, friends' bonds, wars, history, nationalism, and so on. National songs are banned in some countries because of their strong patriotic spirit.

Especially in times of political instability, the sound of music can be very uplifting. There are patriotic songs in every country. Our country also has patriotic songs. I have copied my favorite song from Youtube so that you can listen to it together with your friends.

After listening to the music, the Risingstar Game presentation will begin. I have reached level 105 in Risingstar Game. Currently, I'm in Band Auditions

Mission is working hard. I don't have a successful band yet.Band It is difficult to find the right people. So the Band Auditions continue. Friends, please share what level you have reached. Thank you all.

သီချင်းတွေမှာ ဇာတ်လမ်းတွေရှိပါတယ်။တေးရေးသူတွေက လူတွေရဲ့ နောက်ခံဇာတ်ကြောင်းတွေကို ရေးဖွဲ့ထားတယ်လို့ ထင်မြင်မိပါတယ်။ သီချင်းတွေပြောတဲ့ ဇာတ်ကြောင်းတွေက အင်မတန် နားထောင်လို့ ကောင်းပါတယ်။ ကျွန်မကတော့ သီချင်းတွေက ပြောပြတဲ့ နောက်ခံသမိုင်းတွေကို အင်မတန် စိတ်ဝင်စားမိပါတယ်။

သီချင်းတွေက ပြောတဲ့ အချစ်အကြောင်းတွေ မိဘမေတ္တာတွေ သားသမီး မေတ္တာတွေ သူငယ်ချင်းသံယောဇဥ်တွေ စစ်ပွဲတွေ သမိုင်းဖြစ်စဥ်တွေ အမျိုးသားရေးစိတ်ဓာတ်တွေ စသည်ဖြင့် များပြားလှပါတယ်။ မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး သီချင်းတွေကနေ ပြင်းထန်လှတဲ့ မျိုးချစ်စိတ်ကို ပေးတဲ့အတွက် အချို့သော နိုင်ငံတွေမှာ အမျိုးသားရေးသီချင်းတွေကို ပိတ်ပင်ထားရသည်အထိ ဖြစ်ပါတယ်။

အထူးသဖြင့်နိုင်ငံရေး မတည်ငြိမ်တဲ့အချိန်တွေမှာ သီချင်းသံစဥ်တွေက စိတ်ဓာတ်ပြင်းထန်မှုကို ဖြစ်စေပါတယ်။ မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေးတေးသီချင်းတွေဟာ နိုင်ငံတိုင်းမှာ ရှိပါတယ်။ ကျွန်မတို့နိူင်ငံမှာလည်း မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေးသီချင်းတွေ ရှိပါတယ်။ ကျွန်မနှစ်သက်တဲ့ သီချင်းလေးကို မိတ်ဆွေတို့နဲ့ အတူတူနားဆင်နိုင်ဖို့ Youtubeကနေ ကူးယူဖော်ပြလိုက်ပါတယ်။

သီချင်းနားဆင်ပြီးတဲ့နောက်မှာတော့ Risingstar Game တင်ပြချက်ကို စတင်ပါမယ်။ Risingstar Gameမှာ ကျွန်မက Level 105ကို ရောက်ရှိလာပါပြီ။ ယခုလက်ရှိမှာတော့ ကျွန်မက Band Auditions

Missionကို ​ကြိုးစားလုပ်ဆောင်နေပါတယ်။ ကျွန်မမှာအောင်မြင်တဲ့ တီးဝိုင်းအဖွဲ့ မရှိသေးပါဘူး။ သင့်လျော်တဲ့ လူတွေကို ရှာဖွေနိုင်ဖို့ရန်အတွက် ခက်ခဲနေပါတယ်။ ဒါကြောင့် Band Auditionsကို ဆက်လက်လုပ်ဆောင်နေပါတယ်။ မိတ်ဆွေတို့ကော Level ဘယ်လောက်ရောက်ပြီလည်းဆိုတာ မျှဝေပေးပါအုံး။ အားလုံးကို ကျေးဇူးတင်ပါတယ်။

0.02431396 BEE
0 comments