I have very little knowledge when it comes to cryptocurrency. I first got to know about cryptocurrencies around 2017. But in all these years, I have been far away from cryptocurrency because I am a poorly educated person. Over the years, I have done very little about cryptocurrency. Writing on Hive is my only cryptocurrency channel. After that, we played Risingstar Game, a blockchain game. I opened a Binance account.
***But , There was no buying and selling of cryptocurrencies. Try buying and selling some tokens at Tribaldex. But I didn't do much. Another name I am familiar with is Airdrop. If I translate Airdrop as I understand it, Tokens are given for free. There are people who collect free tokens. It's not too difficult, but I don't do airdrops either. Yesterday, I joined the Myanmar Airdrop group on Telegram.
I also read everything they shared. I tried to capture the Airdrops that I liked. I tried the hamster. There is nothing difficult. Just enter from the link they put and click on Hamster. I still don't understand how it will benefit. Friends, if you know, I invite you to explain about Hamstar. This is my new Airdrop experience. Next thing I'll share is the Risingstar presentation plan. I am a fan of Risingstar. Playing Risingstar Game is like trying to succeed while listening to music.
I have reached level 103 in Risingstar. Fan 68029, Skill 70150, IM 1371. There are 692 NFTs cards. Recently participated in Risingstar's raves. I am also studying Rave Dance Pool. Today, I also bought Risingstar's package. The cards I received Rare 1, Common 2. R 499 Vanity includes Fan 115, Skill 90, Luck 3, IM 3. Common 2 cards are i226 NV 249 and i230 TP 49x. In the next days, I will share about Risingstar Game. Thank you all.
cryptocurrencyနဲ့ ပတ်သက်ရင် ကျွန်မက အင်မတန် ဗဟုသုတနည်းပါးသူ ဖြစ်ပါတယ်။ cryptocurrencyတွေကို ကျွန်မ စတင်သိကျွမ်းခဲ့တာက ၂၀၁၇လောက်က ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလောက်နှစ်တွေကြားမှာ ကျွန်မက လေ့လာအားနည်းသူ ဖြစ်တဲ့အတွက်cryptocurrencyနဲ့ အလှမ်းဝေးနေခဲ့တ္ ဖြစ်ပါတယ်။ ဒီနှစ်တွေထဲမှာ cryptocurrencyနဲ့ ပတ်သက်လို့ ကျွန်မလုပ်ခဲ့တာက မရှိသလောက်နည်းပါတယ်။
Hiveမှာ စာတွေရေးခြင်းက ကျွန်မရဲ့ တစ်ခုတည်းသော cryptocurrencyလမ်းကြောင်း ဖြစ်ပါတယ်။ အဲ့ဒီနောက် Blockchain Game ဖြစ်တဲ့ Risingstar Gameကို ကစားခဲ့ပါတယ်။ Binance အကောင့်တစ်ခု ဖွင့်ခဲ့တယ်။ ဒါပေမဲ့ cryptocurrencyတွေကို ဝယ်ရောင်းလုပ်ခဲ့တာမျိုး မရှိခဲ့ပါဘူး။ နောက်ထပ် Tribaldexမှာ Token အချို့ကို ဝယ်ရောင်းလုပ်ကြည့်ပါတယ်။ ဒါပေမဲ့ များများစားစားတော့ လုပ်ခဲ့တာမျိုး မရှိခဲ့ပါဘူး။ နောက်ထပ် ကျွန်မနဲ့ ရင်းနှီးတဲ့ အမည်ကတော့ Airdropဖြစ်ပါတယ်။
***Airdropကို ကျွန်မ နားလည်သလို ဘာသာပြန်ရရင် Tokenတွေကို Free ပေးတာဖြစ်ပါတယ်။ Free Tokenတွေကို စုဆောင်းကြတဲ့သူတွေ ရှိပါတယ်။ အရမ်းခက်ခဲတာမျိုး မဟုတ်ပေမဲ့ Airdropတွေကိုလည်း ကျွန်မ မလုပ်ဖြစ်ပြန်ပါဘူး။ မနေ့ကတော့ Telegramမှာ Myanmar Airdropကောက်တဲ့ Groupမှာ Joinမိခဲ့ပါတယ်။ ကျွန်မလည်း သူတို့ မျှဝေထားသမျှကို ဖတ်ရှု့မိပါတယ်။ အဲ့ဒီထဲက ကျွန်မ သဘောကျတဲ့ Airdropတွေကို ဖမ်းကြည့်ဖို့ လုပ်ခဲ့ပါတယ်။ Hamsterကို ကျွန်မ ကြိုးစားကြည့်ပါတယ်။ ဘာမှ ခက်ခဲတာမျိုးတော့မရှိပါဘူး။ သူတို့ ချထားတဲ့ Linkကနေ ဝင်ပြီး Hamsterကို နှိပ်ပေးရုံသာ ဖြစ်ပါတယ်။ ဘယ်လို အကျိုးအမြတ်ရရှိမယ်ဆိုတာ ကျွန်မ နားမလည်သေးပါဘူး။ ***
မိတ်ဆွေတို့ သိရှိတယ်ဆိုရင် Hamstar အကြောင်းကို ရှင်းပြပေးဖို့ ဖိတ်ခေါ်ပါတယ်။ ဒါကတော့ ကျွန်မရဲ့ Airdropအတွေ့အကြုံအသစ်ဖြစ်ပါတယ်။ နောက်ထပ် မျှဝေပေးမှာကတော့ Risingstar တင်ပြမှုအစီအစဥ်ဖြစ်ပါတယ်။ ကျွန်မက Risingstarကို နှစ်သက်သူ ဖြစ်ပါတယ်။ Risingstar Gameကို ကစားရတာက ဂီတသံစဥ်တွေကို နားဆင်ရင်း အောင်မြင်အောင် ကြိုးစားတာနဲ့တူပါတယ်။ ကျွန်မက Risingstarမှာ Level 103ကို ရောက်ရှိပါပြီ။ Fan 68029, Skill 70150, IM 1371 ရှိပါတယ်။ NFTs Card 692ရှိပါတယ်။ အခုနောက်ပိုင်း Risingstarရဲ့ Ravesတွေမှာ ပါဝင်ခဲ့ပါတယ်။
Rave Dance Poolကိုလည်း လေ့လာနေပါတယ်။ ဒီနေ့မှာ ကျွန်မက Risingstar ရဲ့ Package တွေလည်း ဝယ်ယူခဲ့ပါတယ်။ ကျွန်မရရှိတဲ့ Cardsတွေကတော့
Rare 1, Common 2ဖြစ်ပါတယ်။ R 499 Vanityမှာ Fan 115, Skill 90, Luck 3, IM 3ပါဝင်ပါတယ်။ Common 2 Cardကတော့ i226 NV 249နဲ့ i230 TP 49x ဖြစ်ပါတယ်။ နောက်ရက်တွေမှာလည်း Risingstar Gameအကြောင်းကို မျှဝေသွားပါမယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
Congratulations @suhlaing! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
Your next target is to reach 21000 upvotes.
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
Check out our last posts: