Hello. Have a nice day. Today I will share 2 topics. The first topic is about Burmese music and the second topic is the presentation of Risingstar Game. So let's get started. Listening to music makes our mind calm.
(Video Source)[]
There are many music genres, so choose the one you like. Today, I would like to introduce you to a Burmese song. It is an ancient song and has been popular for generations.
This song is sung by Ma Le Than San and the name of the song is "School Holiday". It is summer school holiday in our country. So I would like to introduce this song.
The meaning of the song is that it is about a trip to Shan State during the school holiday. The experiences I had during the school holiday are shared in the lyrics.
🔉 I went on a trip when I was young
By car.
🔉 The previous school closed, the school was closed, and the school was closed in the south and north of Shan State ..........
After listening to the song, the Risingstar Game presentation began. The Future Easter Mission has been included in the Special Missions of Risingstar Game. For this Mission, you need to purchase the S99 Robo Bunny Card. So I purchased the S99 Robo Bunny Card from the Market. I purchased it with Starbits and it cost 119999.
After purchasing the S99 Robo Bunny Card, I started working on the Future Easter Mission. What missions are you doing in Risingstar Game? Please share. Thank you very much to everyone who read to the end. We will see you in the next few days.
မင်္ဂလာပါ။သာယာသောနေ့လေးဖြစ်ပါစေ။ ဒီနေ့မှာ ကျွန်မက အကြောင်းအရာ ၂မျိုးကို မျှဝေသွားပါမယ်။ ပထမအကြောင်းအရာက မြန်မာသီချင်းအကြောင်းဖြစ်ပြီး ဒုတိယအကြောင်းအရာကတော့ Risingstar Gameတင်ပြချက်ဖြစ်ပါတယ်။ ကဲ ဒါဆိုရင် စ လိုက်ကြရအောင်ပါ။ ဂီတသံစဥ်တွေ နားထောင်ခြင်းက ကျွန်မတို့ရဲ့ စိတ်ကို အေးချမ်းသာယာစေပါတယ်။
ဂီတသံစဥ်များစွာရှိတဲ့အနက် မိမိနှစ်သက်ရာကို ရွေးချယ် နားဆင်ကြပါတယ်။ ဒီနေ့မှာတော့ မြန်မာသံစဥ် တေးသီချင်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရှေးဟောင်းတေးတစ်ပုဒ်ဖြစ်ပြီး ခေတ်အဆက်ဆက် နာမည်ကြီးခဲ့တဲ့ တေးသီချင်းဖြစ်ပါတယ်။
ဒီသီချင်းလေးကို မေလသံစဥ်က ပြန်လည် သီဆိုထားတာဖြစ်ပြီး သီချင်းလေးနာမည်က "ကျောင်းပိတ်ရက်"ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံမှာ ဒီအချိန်ကာလက နွေရာသီ ကျောင်းပိတ်ရက်ဖြစ်ပါတယ်။ ဒါကြောင့် ဒီသီချင်းလေးကို မိတ်ဆက်ပေးလိုက်ရပါတယ်။
သီချင်းလေးရဲ့ အဓိပ္ပါယ်က ကျောင်းပိတ်ရက်မှာ ရှမ်းပြည်နယ်ဘက်ကို ခရီးထွက်ခဲ့တဲ့ အကြောင်းကို ရေးဖွဲ့ထားပါတယ်။ ကျောင်းပိတ်ရက်ခရီးမှာ တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို သီချင်းစာသားထဲမှာ ပြန်လည် မျှဝေထားပါတယ်။
🔉 ပျိုပျိုခင် အလည်အပတ်ထွက်တယ်
မော်တော်ကားနဲ့ရယ်။
🔉 ယခင်ကျောင်းပိတ်တဲ့ ရက်ကကွယ်
ရှမ်းပြည်ကို တောင်ပိုင်းရော မြောက်ပိုင်းကောကွယ် နှံ့ခဲ့တယ် ..........
သီချင်းလေးနားဆင်ပြီးတဲ့ နောက်မှာတော့ Risingstar Game တင်ပြချက် စတင်ပါပြီ။ Risingstar Gameရဲ့ Special Missionတွေထဲမှာ Future Easter Mission ပါဝင်လာပါပြီ။ ဒီ Missionအတွက် S99 Robo Bunny Cardကို ဝယ်ယူဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်မက Marketကနေ S99 Robo Bunny Cardကို ဝယ်ယူခဲ့ပါတယ်။ Starbits နဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး 119999ကျသင့်ပါတယ်။
S99 Robo Bunny Cardဝယ်ယူပြီးတဲ့ နောက်မှာတော့ Future Easter Missionကို စတင်လုပ်ဆောင်နေပါပြီ။ မိတ်ဆွေတို့ကော Risingstar Gameရဲ့ ဘယ်လို Missionတွေကို လုပ်ဆောင်နေပါသလဲ။ မျှဝေပေးပါအုံးနော်။ အဆုံးထိ ဖတ်ရှူ့ပေးတဲ့ မိတ်ဆွေ တစ်ယောက်တိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။ နောက်နေ့တွေမှာ ပြန်လည် ဆုံတွေ့ပါမယ်။