အားလုံးမင်္ဂလာပါ။ ဒီနေ့ကတော့ ဖေဖော်ဝါရီ လကုန်ရက် ဖြစ်ပါတယ်။ ဖေဖော်ဝါရီလရဲ့ နောက်ဆုံး၂၈ရက်နေ့မှာ လတစ်လကုန်ဆုံးသွားပါတယ်။ သိပ်မကြာလိုက်ပဲ ၂၀၂၅ရဲ့ ၂၄လထဲက ၂လ ကုန်ဆုံးသွားပါပြီ။ အချို့ကတော့ ၂လတာ အချိန်တွေက ကြာသလားပြောကြတယ်။ အချို့ကတော့ အော်.....၂လတောင်ကုန်ပြီလား မကြာသလိုဘဲနော်တဲ့။ ကိုယ့်အတွေးနဲ့ ကိုယ့်ခံယူချက်နဲ့ ပြောဆိုကြတဲ့အတွက် ငြင်းချက်ထုတ်မနေချင်တော့ပါ။ ကုန်ခဲ့သည်ကတော့ ကုန်ခဲ့ပါသည်ပေါ့။
တကယ်က စာလေးနည်းနည်း ရေးချင်တာကြောင့် အစပျိုးနေခြင်းသာဖြစ်ပါတယ်။ Hive Myanmarမှာ စာမရေး စာမတင်ဖြစ်တာလည်း ကြာပြီလေ။ ဘာကြောင့်လည်းဆိုတော့ Voteကလေးပုံမှန်ရနေတဲ့ Game Postတွေနောက် လိုက်နေသည်ဆိုပါတော့။ ဝမ်းစာအတွက် ရှာဖွေရတဲ့ကြားထဲ ကိုယ်ပိုင်အချိန်ကလေးက နည်းပေသမို့ ရတဲ့အချိန်လေးဖဲ့ပြီး ဂိမ်းပိုလ့်လေးတွေသာ ရေးဖြစ်ခဲ့ပါတယ်။
အကြောင်းပြချက်လေးတွေပြီးပြန်တော့ ဒီအလုပ်အားရက် ၃ရက်အတွင်း ဖတ်မိတဲ့ စာအုပ်လေးတွေ မျှဝေသွားမယ် တွေးမိလို့ပါ။ တကယ်က စာအုပ်တွေ မဖတ်ဖြစ်ခဲ့တာ အချိန်အတော်ကြာခဲ့ပါပြီ။ ကြာဆို နှစ်ချီကြာခဲ့ပြီ။ လွန်ခဲ့တဲ့ ၃ရက်လောက်ကတော့ စာအုပ်လေးတစ်အုပ် ဖတ်ဖြစ်လိုက်တယ်။ ဖတ်လိုက်တာဆိုတာ ဒီနေ့မှ အဆုံးသတ်တယ်ဆိုပါတော့။ ဒီတော့ ကိုယ်ဖတ်ထားတဲ့ စာအုပ်လေးကို မျှဝေချင်လာတယ်။ ဒါနဲ့ပဲ စာတစ်ပုဒ်ရေးဖြစ်သွားပါတယ်။
စာအုပ်လေး အမည်က ရေသေအိုင်တဲ့။ စာရေးဆရာက လင်းခါး။
ဖတ်ဘူးသူတွေတော့ ရှိကောင်းရှိမှာပါ။ ကိုယ်ကတော့ စာပေလောကနဲ့ နှစ်အတန်ကြာဝေးနေသူမို့ အဲ့ဒီစာရေးဆရာကို မဖတ်ဘူးပါဘူး။ အခု ရေသေအိုင်နဲ့မှ သူ့စာအုပ်ကို ဖတ်ဘူးခြင်း ဖြစ်ပါတယ်။ စာအုပ်လေးက ရသ အမျိုးအစားလို့ ထင်မိပါတယ်။ ဇာတ်လမ်းလေးက ဒီတိုင်းလေးပြောရင်း ရိုးရိုးလေး ဖြစ်ပါတယ်။ ဘဝကို ရုန်းကန်လှုပ်ရှားရတဲ့ လူငယ်လေး ၄ယောက် အကြောင်းကို ရေးဖွဲ့ထားတယ်ဆိုပါစို့။ ဒါပေမဲ့ ရိုးနေတဲ့ ဇာတ်လမ်းလေးကို စာရေးသူက ဆန်းအောင်ရေးထားပါတယ်။ သူငယ်ချင်း ၄ယောက်ရဲ့ သံယောဇဥ်။ ဘဝအခက်အခဲ။
မိသားစု ဇာတ်ကြောင်းကအစ ဘဝရဲ့ နေဝင်ချိန် မကောင်းခဲ့ပုံကို ဆန်းသစ်တဲ့ အဖွဲ့လေးတွေနဲ့ရေးထားခဲ့ပါ။ စာအုပ်တစ်အုပ်လုံးကို မြန်မြန် မဖတ်နိုင်လို့ ၃ရက်တိတိ ခွဲပြီးဖတ်ဖြစ်ခဲ့ပါတယ်။ ဖတ်တယ် တွေးတယ် ခံစားတယ်ပေါ့။ ဘဝရသ စာပေအမျိုးအစားထဲ ထည့်သွင်းရမယ် ထင်ပါရဲ့။ စာအုပ်လည်း ပြီးရော စိတ်မကောင်းခြင်းနဲ့ ဖြစ်ရလေ ဘဝတွေရယ်လို့ ပြောမိပါတယ်။ စာအရေးအသားအင်မတန်ကောင်းမွန်လှတဲ့ စာရေးဆရာ တစ်ဦးအဖြစ် အသိအမှတ်ပြုမိပါတယ်။ ဖတ်ကြည့်သင့်တဲ့ စာအုပ်ကောင်းလေး တစ်အုပ်အဖြစ် ညွှန်းဆို ရေးသားအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ကျွန်တော်လည်း စာဖတ်ဖို့ အတော်ကြိုးစားနေရတာ
ဖုန်းနဲ့ စာအုပ် လွန်ဆွဲနေတာ။
!LOLZ
!MEME
Credit: atheistrepublic
Earn Crypto for your Memes @ HiveMe.me!
lolztoken.com
To arrrgh is pirate.
Credit: reddit
@suhlaing, I sent you an $LOLZ on behalf of htwegyi
(2/8)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ
ဖုန်းတွေက စာအုပ်နဲ့ ဝေးရခြင်းရဲ့ အဓိက အကြောင်းအရင်းပေါ့ ဘထွေးရေ
!hiqvote
@ansoe, the HiQ Smart Bot has recognized your request (2/2) and will start the voting trail.
In addition, @suhlaing gets !LOOL from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻
lolztoken.com
Gott weiß alles, die alte Lehrerin weiß alles besser!
Credit: balte
@suhlaing, ich habe dir im Namen von @hiq.smartbot einen $LOLZ Token gesendet
Verwende den Befehl !WITZ oder !LOOL, um einen Witz und ein $LOLZ zu teilen.
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
.(6/8)