စာချစ်သူသို့ ညွှန်းဆိုရာ {၇}

(edited)

မင်္ဂလာပါ စာချစ်သူတို့ရေ။ ညွှန်းဆိုရာ အစီအစဥ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီနေ့အတွက် ကျွန်မ ဖတ်ဖြစ်တဲ့ စာအုပ်လေးတစ်အုပ်နဲ့ မိတ်ဆက်ပေးလိုရ်ပါတယ်။ ဆရာ သိုးဆောင်းရဲ့ ပဥ္စလက်ရွာ ဖြစ်ပါတယ်။ ဆရာ့ရဲ့ ပဥ္စလက်ရွာကို ရုပ်ရှင်ရိုက်ကူးထားတာလည်း သိရပါတယ်။ ကျွန်မတော့ မကြည့်ဖြစ်သေးပါဘူး။

[Image Source](

ဆရာသိုးဆောင်းက အမှာစာမှာ သည်ဝတ္တုနဲ့ ပတ်သက်ပြီး ဆရာ့ရဲ့အခက်အခဲတွေကို ရေးပြထားပါတယ်။ ဆရာဟာ ပဥ္စလက်ရွာကို ရေးသားရာမှာ အတော်ခက်ခဲခဲ့ရပုံပေါ်ပါတယ်။ ဝတ္တုကို တော်တော်နဲ့ အဆုံးမသတ်နိုင်ဘဲ တော်တော်လေး ကြိုးစားအားထုတ်ပြီးမှသာ အောင်မြင်မှုရရှိခဲ့ရပါတယ်။ ဒါကြောင့် အမှာစာနဲ့တင် ဒီဝတ္တုလေးကို ကျွန်မ ဖတ်ရှု့ချင်စိတ် အတော်ပြင်းပြခဲ့ပါတယ်။

ဝတ္တုလေးက လက်က မချချင်အောင် အတော်လေး ဆွဲဆောင်မှုကောင်းပါတယ်။ ဇာတ်လမ်း ဇာတ်ကွက်လေးတွေနဲ့ အရေးအသားက အတော်လေး ကောင်းမွန်ပါတယ်။ ဆရာရဲ့ ပိုယ်ပိုင်ဟန်အတိုင်း ရိုးရှင်းတဲ့ ဇာတ်လမ်းလေးကို စာဖတ်သူတွေ စိတ်ဝင်စားဖတ်ချင်လာအောင် ရေးနိုင်စွမ်းပါတယ်။


Photo by me

ဝတ္တုတစ်ပုဒ်လုံး ဖတ်ပြီးတော့ အဖြေတွေလည်း ရှင်းလင်းသွားခဲ့ပါတယ်။ ဇာတ်လမ်းကိုတော့ မိုးခေါင်ရေရှားတဲ့ ရွာလေးတစ်ရွာရဲ့ ကျိန်စာအကြောင်းဆိုပါတော့။ စာချစ်သူတွေလည်း ဖတ်ရှု့မယ်ဆိုရင် စိတ်အာဟာရ ပြည့်စေတဲ့ စာအုပ်ကောင်းလေးအဖြစ် ညွှန်းဆိုပေးလိုက်ရပါတယ်။ စာချစ်သူတို့ ဖတ်ရှု့နိုင်ဖို့အတွက် တ္တုလင့်ကို ကူးယူဖော်ပြလိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

https://d191t37l2t6oht.cloudfront.net/book/sample/pyinsalatvillage/OEBPS/index.html

0.05124328 BEE
2 comments

ဖတ်ကြည့်ပါဉီးမယ်။

!PIZZA

!LUV

!LOL

0E-8 BEE

I wasn’t originally going to get a brain transplant
but then I changed my mind.

Credit: marshmellowman
@suhlaing, I sent you an $LOLZ on behalf of myanmarkoko

(3/6)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP

0E-8 BEE

PIZZA!

$PIZZA slices delivered:
@myanmarkoko(3/5) tipped @suhlaing

Come get MOONed!

0E-8 BEE