စာချစ်သူသို့ ညွှန်းဆိုရာ {၆}

(edited)

ဒီဝတ္တုလေးက ဆရာကြီး မောင်ထွန်းလူရဲ့ ဘာသာပြန်လက်ရာလေး ဖြစ်ပါတယ်။ မူရင်းစာရေးသူက Sidney Sheldonဆိုတော့ ပြောဖွယ်ရာ မရှိတော့ပါဘူး။ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ဂန္တဝင် ဝတ္တု တစ်ပုဒ်ဖြစ်ပါတယ်။ စာအုပ်နာမည်က The Best Laid Plans ဖြစ်ပြီး မြန်မာဘာသာနဲ့ ဝင်္ကပါလို့ အမည်ရပါတယ်။

အာဏာလိုချင်သူရယ် လက်စားချေလိုသူရယ် လူတကာအပေါ်လွှမ်းမိုးချင်သူရယ်။ သူတို့တွေရဲ့ အတ္တကြောင့် ဖြစ်ပေါ်လာတဲ့ လူမှုရေးအရှုပ်အထွေးတွေကို ရင်တဖိုဖိုနဲ့ ဖတ်ရှု့ရမှာပါ။

နိုင်ငံရေးပါတီ နောက်ကွယ်က လက်မည်းကြီးက သူ ပံပိုးပေးလို့ သမ္မတဖြစ်လာတဲ့သူကို ဘယ်လို ​လွှမ်းမိုး ချယ်လှယ်ဖို့ ကြိုးစားမလဲ။ သမ္မတနဲ့ မိန်းမချောလေးတွေ သေဆုံးမှုနဲ့ ဘယ်လို ပတ်သက်လည်း။ နိုင်ငံရေးလှည့်ကွက်တွေနဲ့အတူ ဝင်္ကပါဟာ ရှုပ်ထွေးလှပါတယ်။

စိတ်ဝင်စားဖို့လည်း ကောင်းသလို ဂန္တဝင် ဝတ္တုတစ်ပုဒ်ဖြစ်တာကြောင့် စာချစ်သူတွေအနေနဲ့ လက်မလွှတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါကြောင်း ညွှန်းဆိုလိုက်ရပါတယ်။

0.11726230 BEE
1 comments

ဖတ်ရအုံးမယ်လေ။
!LOLZ
!MEME

0E-8 BEE

An atom walks into a bar and says I think I lost an electron in here
Bartender: Are you positive?

Credit: theabsolute
@suhlaing, I sent you an $LOLZ on behalf of htwegyi

(1/8)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.

0E-8 BEE

ဖတ်ကြည့်ပါ ဘထွေးရေ

0E-8 BEE