စာချစ်သူသို့ ညွှန်းဆိုရာ (၁)

စာဖတ်ခြင်းဟာ လူတွေရဲ့ စိတ်အစဥ်ကို အေးချမ်းစေပါသည်။ ထို့အတွက် စာပေရွေးချယ် ဖတ်ရှု့ဖို့လည်း လိုမည်ထင်ပါသည်။ ယနေ့ခေတ်သည် ယခင်တုန်းကလို စာအုပ်ကိုင် စာဖတ်သူ နည်းလာသည်။ စာပေကို ချစ်မြတ်နိုးသည် လူငယ်များကတော့ ဖုန်းထဲမှတဆင့် Dowmloadဆွဲကာ စာပေကို ဖတ်ရှုသည်က များပါမည်။

ကျွန်မကတော့ အသက်အရွယ်ရ အမျိုးသမီးကြီးတစ်ယောက်ဖြစ်သည်နှင့် အညီ ဖုန်းထဲတွင် စာမဖတ်တက်။ စာအုပ်ကိုင်ဖတ်မှသာလျှင် အားရသည် ထင်မိသည်။ စာအုပ်ကိုင်ဖတ်ဖို့ရာတွင် ကိုယ့်အနီးနားတွင် စာကြည့်တိုက်ရှိမှ။ သို့မဟုတ် ကိုယ်နှစ်သက်သည့် စာအုပ်များကို ဝယ်ယူနိုင်မှ။ ထိုအကြောင်းများကြောင့် ကျွန်မ စာမဖတ်ဖြစ်ခဲ့ပါ။ တစ်အုပ်တလေ ဖတ်ဖြစ်သည်မှ လွဲ၍။

ယခုတော့ မိမိနှစ်သက်သည့် စာအုပ်များကို အချိန်ပေး၍ ဖတ်ရှုသည့် အလေ့အကျင့်ကို ​ပြန်လည်ပျိုးထောင်မည်ဟု စိတ်ကူးမိပါသည်။ ထို့ကြောင့် ဖတ်ဖြစ်သည့် စာအုပ်လေးများကို Review ပြန်လည်း ရေးသား ညွှန်းဆိုဖြစ်ပါသည်။

ဒီနေ့မှာတော့ လူငယ်စာရေးဆရာ သိုးဆောင်းရဲ့ ဝတ္တုတစ်ပုဒ်နဲ့ စတင်လိုက်ပါသည်။ စာအုပ်အမည်က "ဤအရပ်တွင် မိုးရွာခဲ့သည်" ။ ဇာတ်ကြောင်းလေးက သိုးဆောင်းရဲ့ ဟန်အတိုင်း ရိုးရှင်းပါသည်။ သူပြောချင်သည့် ထိုအရပ်ကို လျှို့ဝှက်ထားသည်။ ထိုအရပ်သည် အေးချမ်းရာ။ စိတ်ငြိမ်ရာ လွတ်မြောက်ရာ။

ယန်းပေါ့ဆတ်ရဲ့ လူသားဝါဒ ဒသနစာအုပ်တွေကို နှစ်သက်စွဲလမ်းစွာ ဖတ်ရှုသော ကောင်မလေးတစ်ယောက်နှင့် စာရေးဆရာ ကောင်လေးတို့ရဲ့ ရိုးရှင်းတဲ့ ဇာတ်လမ်းလေးမှာ အမှောင်ကနေ အလင်းကို လမ်းပြပြီး တတိယနည်းလမ်းကနေ ဆွဲထုတ်ပေးနိုင်ခဲ့ပုံလေးကို လှလှပပရေးသား တင်ပြထားပါတယ်။ ဇာတ်လမ်းအစအဆုံးကိုတော့ စာချစ်သူတွေ ဆက်လက်ဖတ်ရှု့ဖို့ ချန်ထားခဲ့ပါသည်။

စာမြည်း
" လောကမှာ မကောင်းမှုတွေ များလာရခြင်းရဲ့ ကျွန်တော့အဖြေက လူကောင်းတွေ အတ္တကြီးနေလို့။ လူကောင်းတွေအတ္တကြီးနေလို့သာ လူဆိုးတွေ ထောင်လွှားနိုင်နေတာ"

(ချမ်း​ငြိမ်းဝေ)
ဤအရပ်တွင် မိုးရွာခဲ့သည်

0.08860628 BEE
1 comments

ဟုတ်တယ် ဖုန်းက စာတွေ မဖတ်နိုင်ဘူး။
စာအုပ်ပဲ ဖတ်နိုင်တော့တာ။
!LOL
!MEME

0E-8 BEE

Have you heard the one about the jump rope?
Never mind, skip it.

Credit: reddit
@suhlaing, I sent you an $LOLZ on behalf of htwegyi

(1/8)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.

0E-8 BEE

စာအုပ်နဲ့ ဖတ်ရတာက ဖတ်လိုက် တွေးလိုက် ပိုအရသာရှိသလားလို့နော် ဘထွေး

0E-8 BEE