Risingstar Adventure: Spending 200,000 Starbits on 10 Packs – Total Waste or Total Gain?

Hello there, Hive community! Today, I want to share a rather significant moment in my Risingstar journey. I'm Suhlaing, currently rocking at Level 112 as you can see in the screenshots. Having a decent amount of Starbits saved up makes you feel a certain way, you know? It gives you that itch to take a little gamble, and well, today I decided to scratch it.

ဟယ်လို Hive community ရေ။ ဒီနေ့ ကျွန်မရဲ့ Risingstar ခရီးစဉ်မှာ နည်းနည်းထူးခြားတဲ့ နေ့လေးတစ်နေ့အကြောင်း မျှဝေချင်လို့ပါ။ ကျွန်မ Suhlaing ပါ၊ ပုံတွေထဲမှာ မြင်ရတဲ့အတိုင်း အခုဆို Level 112 တောင် ရောက်နေပြီ။ စုထားတဲ့ Starbits တွေ အများကြီးရှိနေတာနဲ့ ဒီနေ့တော့ တစ်ခုခု စွန့်စားကြည့်ချင်စိတ် ပေါ်လာလို့ပါ။

The temptation to open packs is real. It's that thrilling, slightly scary moment of not knowing what you'll get, but hoping for legendary fame. It represents a large portion of my hard-earned earnings.

တကယ်တော့ Card Packs တွေဖွင့်ရတာ တော်တော်ဆွဲဆောင်မှုရှိပါတယ်။ ဘာရမလဲမသိရဘဲ ရင်ခုန်ရတဲ့၊ နည်းနည်းလည်း ကြောက်ရတဲ့ အခိုက်အတန့်လေးပေါ့။ ဒါပေမယ့် စိတ်ထဲမှာတော့ Legendary ကတ်ကြီးရမှာပဲလို့ မျှော်လင့်နေမိတာ။ ဒါက တကယ်တော့ ကျွန်မပင်ပင်ပန်းပန်းရှာထားတဲ့ ဝင်ငွေအများကြီးကို သုံးလိုက်တာပါပဲ။

With a deep breath, I pulled the trigger and purchased 10 card packs for a total of 200,000 Starbits. My heart was actually pounding a bit. Would it be a glorious success, or an expensive mistake?

အသက်ပြင်းပြင်းရှူပြီးတော့ Starbits စုစုပေါင်း ၂သိန်းဖိုးသုံးပြီး Risingstar ရဲ့ Card Packs ၁၀ ထုပ်ကို ဝယ်ယူလိုက်ပါတယ်။ တကယ်တမ်း ဝယ်လိုက်ပေမယ့် စိတ်လှုပ်ရှားပြီး ရင်ခုန်တာကတော့ တကယ့်ကို အမှန်ပါပဲ။ ဒါဟာ အကြီးအကျယ် အောင်မြင်မလား၊ ဒါမှမဟုတ် တန်ဖိုးကြီးတဲ့ အမှားတစ်ခု ဖြစ်သွားမလားပေါ့။

I decided to open them and capture the highlights of each successful open as seen in my screenshots. First, some happy results with R660 Trina, giving me 135 Fans, or R615 Corbie, matching that number.

ဝယ်ပြီးတာနဲ့ ချက်ချင်းပဲ အထုပ်တွေကို စဖွင့်ကြည့်လိုက်ပါတယ်။ ပုံတွေထဲမှာမြင်ရတဲ့အတိုင်း တစ်ခုချင်းစီရဲ့ ရလဒ်တွေကိုလည်း မှတ်တမ်းတင်ထားတယ်။ ဥပမာ R660 Trina ဆိုရင် Fan ၁၃၅ ယောက်တောင်ပါတယ်၊ ဒါမှမဟုတ် R615 Corbie ဆိုရင်လည်း Fan ၁၃၅ ယောက်ပဲ။ ဒီလို Fan များများရတဲ့ ကတ်တွေပါလာတော့ တော်တော်လေး ကျေနပ်သွားမိတယ်။

Then some great Rare instruments, providing that sweet Luck stat. R623 Sunburst 7 and R620 SG72 both giving a whopping 50 Luck! Instrumental Rares are always welcome for my long-term strategy.

ဒါတင်မကဘူး Luck stat များများရစေမယ့် Rare instrument ကတ်ကောင်းကောင်းတွေလည်း ပါလာပါသေးတယ်။ R623 Sunburst 7 နဲ့ R620 SG72 တို့ဆိုရင် Luck ၅၀ တောင် ရလိုက်တယ်။ Instrument Rare ကတ်တွေကတော့ ကျွန်မရဲ့ ရေရှည်စီမံကိန်းအတွက် အမြဲတမ်း ကြိုဆိုနေတာပါပဲ။

However, it wasn't all sunshine and legendary stars. I pulled quite a few duplicates, especially two R601 Beatz. Common cards were, well, very common – simple War Horns, Cajon Bags, and common instruments. A bit of a letdown there, to be honest.

ဒါပေမယ့်လည်း အားလုံးကတော့ ကံမကောင်းပါဘူး။ Duplicate တွေလည်း ပါလာသေးတယ်။ အထူးသဖြင့် R601 Beatz ဆိုရင် နှစ်ကတ်တောင် ထွက်လာလို့ နည်းနည်းတော့ စိတ်ညစ်သွားတယ်။ ကျန်တဲ့ Common ကတ်တွေကတော့ နေ့စဉ်တွေ့နေကျအတိုင်းပဲ ရိုးရိုး War Horns တွေ၊ Cajon Bags တွေနဲ့ တခြား common instruments တွေပဲလေ။ တကယ်ပြောရရင် အဲဒီအပိုင်းမှာတော့ နည်းနည်း စိတ်ပျက်မိပါတယ်။

So, let's look at the numbers and do a realistic analysis. Totaling up everything from the screenshots, I managed to gain around 740 Fans and 635 Skill. That's a significant boost, but is it worth 200,000 Starbits?

အခု ရလာတဲ့ ကတ်အားလုံးကို စုစည်းတွက်ချက်ကြည့်လိုက်ရအောင်။ ပုံတွေထဲကအတိုင်းဆိုရင် Fan ၇၄၀ ဝန်းကျင်နဲ့ Skill ၆၃၅ လောက် ရလိုက်ပါတယ်။ Starbits ၂သိန်း သုံးပြီး Fan ၇၀၀ ကျော်ရတာ တန်သလားလို့ မေးရင်တော့ နည်းနည်း စဉ်းစားစရာပါ။ Market ထဲမှာ တိုက်ရိုက်ဝယ်ရင် ဒီထက် သက်သာနိုင်ပေမယ့် Pack ဖွင့်ရတဲ့ ရင်ခုန်သံကိုတော့ မီမှာ မဟုတ်ပါဘူး။

Beyond Fans and Skill, I also got a substantial boost to Luck, thanks to those high-Luck instruments. Luck is crucial for music lessons, helping me reduce lesson times and gain more Skill from lessons. My IM (Income Multiplier) also increased by around 20.

Fan တွေ၊ Skill တွေတင်မကဘဲ Luck stat လည်း တော်တော်လေး တိုးလာခဲ့ပါတယ်။ ရလာတဲ့ Instrument Rare ကတ်တွေကြောင့်ပါ။ Luck က Music Lessons လုပ်တဲ့အခါ အချိန်ကုန် သက်သာစေပြီး Skill တွေ ရှာရတာ ပိုလွယ်ကူစေပါတယ်။ IM ၂၀ လောက် တိုးလာတာကလည်း ဝင်ငွေ တိုးစေဖို့ အထောက်အကူပြုမှာပါ။

So, was it worth it? Overall, I'm satisfied. While I didn't get any Legendary cards, I secured solid Rare people and great instruments. It wasn't an explosive jackpot, but a valuable step forward. I won't be splurging again so soon, though!

ခြုံငုံသုံးသပ်ရရင်တော့ ကျွန်မ ကျေနပ်ပါတယ်။ Legendary ကတ်တွေ မရခဲ့ပေမယ့် Rare လူကတ်ကောင်းကောင်းတွေနဲ့ Instrument တွေ ရလိုက်လို့ပါ။ တစ်ဟုန်ထိုး တိုးတက်သွားတာမျိုး မဟုတ်ပေမယ့် ကျွန်မရဲ့ Risingstar ခရီးစဉ်အတွက် တန်ဖိုးရှိတဲ့ တိုးတက်မှုတစ်ခု ရလိုက်ပါတယ်။ နောက်ထပ် အခုချက်ချင်းတော့ ထပ်ပြီး အများကြီး ဝယ်ဖို့ အစီအစဉ်မရှိသေးပါဘူး။

What about you, Hive family? Have you taken a chance on packs recently? Share your experiences, lucky moments, or even disappointment stories in the comments below! Let's discuss our Risingstar adventures!

ဒီနေ့ စွန့်စားခဲ့တာကိုတော့ နောင်တမရပါဘူး။ နောက်ဆုံးတော့ ဒါက ကစားပွဲတစ်ခုပဲလေ၊ ပျော်ဖို့က အဓိကပဲ မဟုတ်လား။ အခု post လေးကတော့ ဒီလောက်ပါပဲ။ Hive community က ကစားဖော်တွေလည်း ဒီနေ့ Card packs တွေ ဖွင့်ဖြစ်ရင် ဘာတွေရလဲဆိုတာ မျှဝေပေးကြပါဦးနော်။ Comment မှာ Risingstar ခရီးစဉ်အကြောင်း ဆွေးနွေးကြရအောင်။

0.07271085 BEE
0 comments