My Strategic NFT Investment in Rising Star Game

ကျွန်မရဲ့ Rising Star ဂိမ်းကစားမှု ခရီးစဉ်မှာ အကောင့်ကို ပိုပြီး တိုးတက်လာစေဖို့နဲ့ မစ်ရှင်တွေကနေ ဂိမ်းတွင်း အကျိုးအမြတ် ပိုရလာစေဖို့အတွက် NFT ကတ်အသစ် တစ်ကတ်လောက် ထပ်ဝယ်ဖို့ စဉ်းစားခဲ့ပါတယ်။ Market ထဲမှာ ရောင်းနေတဲ့ Legendary ကတ်တွေကို လိုက်ကြည့်ရင်း စာရင်းဝင်နေတဲ့ ကတ်တွေရဲ့ Stats တွေနဲ့ ရောင်းဈေးတွေကို သေချာလေး အချိန်ပေးပြီး နှိုင်းယှဉ်ဖြစ်ခဲ့ပါတယ်။ ဂိမ်းမှာ တိုးတက်မှု မြန်မြန်ရဖို့ဆိုရင် မိမိသုံးစွဲလိုက်တဲ့ HIVE ပမာဏနဲ့ တန်အောင် Fans နဲ့ Skill များများ ရနိုင်မယ့် ကတ်ကို ရွေးချယ်တာက အကောင်းဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်။

In my Rising Star gameplay journey, I decided to look for a new NFT card in the market to grow my account and boost my overall mission earnings. While browsing through the available Legendary cards, I spent some time carefully analyzing their stats against their listed prices. To progress efficiently in the game, choosing a card that offers maximum Fans and Skill for the amount of HIVE spent is always the best strategy.

Market မှာ တွေ့ရတဲ့ ကတ်တွေထဲက L105 Rita Rotator ကတ်ဆိုရင် Fans 8500 နဲ့ Skill 8500 ထိ ပါတာကြောင့် တကယ့်ကို ကောင်းပေမဲ့ သူ့ရဲ့ ဈေးနှုန်းက 19.9 SWAP.HIVE ထိ ရှိနေတာကို တွေ့ရပါတယ်။ အခြား ကတ်တစ်ခုဖြစ်တဲ့ L98 Rockin' Ralph ကို ကြည့်တော့လည်း 16 SWAP.HIVE ပေးရပြီး Fans 6300 နဲ့ Skill 8000 ပဲ ပါဝင်ပါတယ်။ ဒါကြောင့် တခြား ကတ်အများစုကို ယှဉ်ကြည့်တဲ့အခါမှာ ဈေးနှုန်း နည်းနည်း မြင့်နေတာမျိုး ဒါမှမဟုတ် ပေးရတဲ့ ဈေးနဲ့ ပြန်ရမယ့် Stats မမျှတာမျိုးတွေ ရှိနေတာကို သတိထားမိခဲ့ပါတယ်။

Among the cards I checked in the marketplace, L105 Rita Rotator looked great with 8500 Fans and 8500 Skill, but its price was quite steep at 19.9 SWAP.HIVE. Looking at another option like L98 Rockin' Ralph, it cost 16 SWAP.HIVE for 6300 Fans and 8000 Skill. Comparing most of the available options made me realize that many cards were either priced a bit high or didn't offer the best stats for their asking price.

ဒါပေမဲ့ L102 The Gangster ကတ်ကို တွေ့လိုက်တဲ့အခါမှာတော့ 15 SWAP.HIVE ပဲ ပေးရပြီး Fans 7200 နဲ့ Skill 7200 ရရှိနိုင်တာကို တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် Luck 500 နဲ့ IM 150 ပါ ပေးထားတာကြောင့် သုံးလိုက်ရတဲ့ HIVE နဲ့ ပြန်ရလာတဲ့ ကတ်ရဲ့ တန်ဖိုးက တကယ့်ကို တွက်ချေကိုင်လွန်းပါတယ်။ Fan တစ်ဦးချင်းစီအတွက် ကုန်ကျမယ့် HIVE နှုန်းကို တွက်ကြည့်လိုက်ရင်လည်း L102 The Gangster ကတ်က အခြား ကတ်တွေထက် အများကြီး ပိုတန်နေတာ ထင်ထင်ရှားရှား ပေါ်လွင်နေပါတယ်။

However, when I came across L102 The Gangster, it was listed for just 15 SWAP.HIVE while giving 7200 Fans and 7200 Skill. On top of that, it includes 500 Luck and 150 IM, making the value you get for the HIVE spent incredibly worth it. When calculating the cost per Fan, L102 The Gangster clearly stood out as a much better deal than the other cards.

![](Uploading... 1788402591668.jpg)

ဒီလို ဈေးနှုန်းနဲ့ ကတ်ရဲ့ စွမ်းဆောင်ရည် အချိုးအစားကို စနစ်တကျ တွက်ချက်ကြည့်ပြီးတဲ့နောက်မှာတော့ L102 The Gangster ကတ်ကို 15 SWAP.HIVE နဲ့ ဝယ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အခုဆိုရင် အဲဒီ L102 The Gangster ကတ်က ကျွန်မရဲ့ ဂိမ်းအကောင့်ထဲကို ရောက်ရှိသွားပြီပဲ ဖြစ်ပါတယ်။ ဒီကတ် ထည့်လိုက်တာနဲ့ အကောင့်ရဲ့ Total Fans နဲ့ Total Skill ပမာဏကလည်း သိသိသာသာကို တိုးတက်သွားခဲ့ပါတယ်။

After evaluating the price-to-performance ratio, I made up my mind and purchased L102 The Gangster for 15 SWAP.HIVE. Now, this L102 The Gangster card is officially added to my gaming collection. Adding this single card gave my account's Total Fans and Total Skill a very noticeable boost right away.

ဒီကတ်လေး ရလိုက်တဲ့အတွက် နောက်ပိုင်း ဆော့မယ့် မစ်ရှင်တွေကနေ ရလာမယ့် အကျိုးအမြတ်တွေနဲ့ ဂိမ်းရဲ့ တိုးတက်မှုနှုန်းက ပိုပြီး သွက်လာတော့မှာပါ။ အထူးသဖြင့် မစ်ရှင်ဆော့ရင် ရမယ့် Starbits ပမာဏ ပိုများလာမှာဖြစ်သလို Ego Level တက်လာတာကိုလည်း ပိုပြီး ထိန်းချုပ်ရ လွယ်ကူသွားမှာ ဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း အကောင့်ရဲ့ Stats တွေကို ပိုကောင်းလာအောင် သေချာလေး အစီအစဉ်ဆွဲပြီး မြှင့်တင်သွားမှာ ဖြစ်ပါတယ်။

Getting this card will definitely smooth out my game progress and improve future mission rewards. Specifically, it will help increase my Starbits earnings while making Ego management much more balanced. Moving forward, I will keep planning my upgrades step-by-step to build a stronger account.

Rising Star ဂိမ်းမှာ ကတ်တွေ ဝယ်ယူတော့မယ်ဆိုရင် မိမိဆီမှာရှိတဲ့ ဘတ်ဂျက်နဲ့ ပြန်ရလာမယ့် တန်ဖိုးကို အမြဲ တွက်ချက်ကြည့်ဖို့ လိုပါတယ်။ ကျွန်မအနေနဲ့လည်း နောက်ပိုင်း ကတ်တွေ ဝယ်တဲ့အခါမှာ ယခုလိုပဲ သေချာ တွက်ချက်ပြီးမှ အကောင့်ကို ပိုကောင်းအောင် လုပ်ဆောင်သွားပါမယ်။ ဂိမ်းဆော့နေကြတဲ့ မိတ်ဆွေတွေကိုလည်း Market ထဲက ကတ်တွေကို မဝယ်ခင် အချက်အလက်တွေကို သေချာ နှိုင်းယှဉ်ကြည့်ကြဖို့ အကြံပေးချင်ပါတယ်။

When buying cards in Rising Star, it's always important to balance your available budget with the actual stats you receive. I plan to keep taking this thoughtful approach for future purchases as I continue growing my account. I'd also recommend fellow players take a few moments to compare card options in the marketplace before making decisions.

0.45045398 BEE
0 comments