My New Rising Star Card Pack Opening and Exploring the Fascinating History of Cajon Brushes!

Hello everyone! Welcome back to my blog. Today, I am super excited to share my latest journey in Rising Star, including opening a new card pack and doing my daily music lessons to grow my account!

မင်္ဂလာပါရှင့်! ကျွန်မရဲ့ ဘလော့ဂ်မှ ကြိုဆိုပါတယ်။ ဒီနေ့တော့ ကျွန်မ Rising Star ဂိမ်းထဲမှာ Card Pack အသစ်တစ်ခု ဖောက်လိုက်တဲ့အကြောင်းနဲ့ အကောင့်တိုးတက်ဖို့အတွက် Music Lessons တွေ ပုံမှန်လုပ်ဖြစ်နေတဲ့အကြောင်းလေးကို ဝေမျှပေးချင်ပါတယ်ရှင့်။

In my latest card pack opening, I received three interesting cards: 210 Tiggs, R612 Sixties Reverb, and i311 Cajon Brushes! Among these, the Cajon Brushes card immediately caught my attention because of its unique musical tool design.

ဒီနေ့ package ဖောက်လိုက်တဲ့အခါ 210 Tiggs၊ R612 Sixties Reverb နဲ့ i311 Cajon Brushes ဆိုပြီး ကတ်သုံးကတ် ရရှိခဲ့ပါတယ်။ အဲ့ဒီအထဲမှာ i311 Cajon Brushes ဆိုတဲ့ တူရိယာကတ်လေးကို မြင်မြင်ချင်းပဲ တကယ့်တူရိယာအစစ်ပုံစံလေးမို့လို့ ကျွန်မ အရမ်းစိတ်ဝင်စားသွားခဲ့ပါတယ်။

Naturally, I wanted to learn more about what Cajon Brushes actually are. They are special brushes used for playing the Cajon—a box-shaped percussion instrument that originated in Peru during the 16th to 18th centuries.

ဒီ Cajon Brushes လေးတွေက ဘာလဲဆိုတာ ကျွန်မ စိတ်ဝင်စားလို့ သေချာလေ့လာကြည့်ခဲ့ပါတယ်။ သူတို့က ကာဟွန် (Cajon) လို့ခေါ်တဲ့ သေတ္တာပုံစံ ပုတ်ခတ်တီးခတ်ရတဲ့ တူရိယာကို တီးတဲ့အခါမှာ သုံးတဲ့ သီးသန့် ဘရပ်ချ်တံလေးတွေ ဖြစ်ပါတယ်။ ကာဟွန်တူရိယာကတော့ ၁၆ ရာစုနဲ့ ၁၈ ရာစုကြား ပီရူးနိုင်ငံမှာ စတင်ပေါ်ပေါက်ခဲ့တာပါ။

Historically, African slaves brought to Peru were forbidden from playing traditional music instruments. To keep their music alive, they creatively used wooden shipping crates and boxes as instruments, which eventually gave birth to the Cajon.

သမိုင်းကြောင်းအရ ပီရူးကို ရောက်ရှိလာခဲ့တဲ့ အာဖရိကနွယ်ဖွား ကျေးကျွန်တွေကို ဂီတတူရိယာတွေ တီးခတ်ခွင့် ပိတ်ပင်ခဲ့တာ ကြောင့် သူတို့ဟာ ပစ္စည်းတင်တဲ့ သစ်သားသေတ္တာခွံတွေကို တူရိယာအဖြစ် လျှို့ဝှက် ပုတ်ခတ်တီးခတ်ရင်း ကာဟွန် ဆိုတဲ့ သေတ္တာပုံစံ တူရိယာ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

Over time, musicians created Cajon Brushes to produce a softer, smoother, and warmer acoustic sound compared to playing with bare hands or hard wooden sticks. Just like the quote on the card says, "Softly does it."

နောက်ပိုင်းမှာတော့ လက်နဲ့တိုက်ရိုက်ပုတ်တာထက် ပိုမိုငြိမ့်ညောင်းပြီး တိုးညှင်းတဲ့ အကူအသံ ("ရွှတ်... ရွှတ်...") မျိုး ရရှိအောင် Cajon Brushes တွေကို ဖန်တီးခဲ့ကြပါတယ်။ ဂိမ်းထဲက ကတ်ပေါ်မှာ ရေးထားတဲ့ "Softly does it" ဆိုတဲ့ စာသားလေးအတိုင်းပဲ အရမ်းအနှစ်သာရရှိတဲ့ တူရိယာလေးပါ။

In Rising Star, instruments like Cajon Brushes give us Luck stats, which are super important for finding better Skill points when we complete Music Lessons!
Rising Star ဂိမ်းထဲမှာဆိုရင်လည်း ဒီလို Cajon Brushes လေးတွေလို တူရိယာကတ်တွေက Luck သက်ရောက်မှု ပေးပါတယ်။ Luck များလေလေ ကျွန်မတို့ Music Lessons တွေ ပြုလုပ်တဲ့အခါ Skill ပိုရရှိလေလေ ဖြစ်တာမို့လို့ တကယ်ကို အသုံးဝင်ပါတယ်။

Speaking of Music Lessons, I have been actively completing various lessons on my account. So far, I have completed 167 Basic Singing Lessons, 182 Guitar Lessons, 95 Production Lessons, 64 Orchestral Lessons, 100 Piano Lessons, and 120 Drum Lessons!

Music Lessons တွေအကြောင်း ပြောရရင်တော့ ကျွန်မ အကောင့်မှာ သင်ခန်းစာတွေကို ပုံမှန် မပျက်မကွက် လုပ်ဆောင်နေပါတယ်။ အခုဆိုရင် Basic Singing Lesson ကို ၁၆၇ ကြိမ်၊ Guitar Lesson ကို ၁၈၂ ကြိမ်၊ Production Lesson ကို ၉၅ ကြိမ်၊ Orchestral Lesson ကို ၆၄ ကြိမ်၊ Piano Lesson ကို အကြိမ် ၁၀၀ နဲ့ Drum Lesson ကို ၁၂၀ တိတိ ပြီးစီးအောင် လုပ်ထားပြီးပါပြီရှင့်။

Doing these Music Lessons continuously helps keep my Ego low while boosting my overall Skill points. It requires consistency, but seeing my progress every day makes the journey super fun and rewarding!

ဒီလို Music Lessons တွေကို ပုံမှန်လုပ်ပေးတာက အကောင့်ရဲ့ Ego ကို ထိန်းပေးနိုင်ရုံတင်မကဘဲ Skill point တွေကိုလည်း တိုးတက်စေပါတယ်။ နေ့စဉ် ပုံမှန်လေး လုပ်ဆောင်သွားဖို့ လိုပေမဲ့လည်း အကောင့်လေး တဖြည်းဖြည်း တိုးတက်လာတာကို မြင်ရတော့ အရမ်း ပျော်ဖို့ကောင်းပါတယ်။

Thank you so much for reading my blog today! I hope you enjoyed learning about Cajon Brushes and my Rising Star updates. Wish me luck with my future card packs, and see you all in the next post!

ဒီနေ့ ကျွန်မရဲ့ ဘလော့ဂ်လေးကို အဆုံးထိ ဖတ်ရှုပေးကြလို့ အထူးပဲ ကျေးဇူးတင်ပါတယ်ရှင့်။ နောက်ရက်တွေမှာလည်း Card Pack အသစ်တွေနဲ့ မတူညီတဲ့ တူရိယာလေးတွေ အကြောင်း ဝေမျှပေးသွားပါဦးမယ်။ အားလုံးပဲ သာယာသောနေ့လေး ဖြစ်ပါစေနော်!

0.00124335 BEE
0 comments