How to Create AI Images on Ecency: A Step-by-Step Guide

ဒီနေ့တော့ Ecency အက်ပလီကေးရှင်းမှာ AI နည်းပညာကိုအသုံးပြုပြီး ပုံလှလှလေးတွေ ဘယ်လိုအလွယ်တကူဖန်တီးလို့ရသလဲဆိုတာကို မျှဝေပေးသွားမှာပါ။ တကယ်တော့ AI နဲ့ ပုံဖော်တာဟာ Ecency မှာ အဆင့်အနည်းငယ်ပဲ လိုအပ်တဲ့ ရိုးရှင်းပြီး ပျော်စရာကောင်းတဲ့ အလုပ်တစ်ခုပါ။
​ပထမဆုံးအနေနဲ့ Ecency အက်ပလီကေးရှင်းကိုဖွင့်ပြီး AI ပုံဖန်တီးမှုလုပ်ဆောင်ချက်ကို ရှာဖွေရမှာပါ။ ဒီ function ကို Draft အသစ်တစ်ခု စတင်ရေးသားတဲ့နေရာမှာ Add media ခလုတ်နှိပ်ပြီး AI Image Generator ကို ရွေးချယ်နိုင်သလို၊ ပရိုဖိုင် setting ထဲကနေလည်း ဝင်ရောက်နိုင်ပါတယ်။ ပထမပုံမှာ မြင်ရတဲ့အတိုင်းပဲ၊ ဒီ feature ကိုရောက်ရင် Create ခလုတ်နှိပ်ပြီး စတင်ရပါမယ်။ တကယ်တော့ ဒါဟာ ကိုယ့်ရဲ့ စိတ်ကူးစိတ်သန်းတွေကို ပုံဖော်ဖို့ တံခါးပေါက်တစ်ခုပါပဲ။

​To start creating AI images in Ecency, first navigate to the AI Image Generator feature. This can usually be found by tapping the 'Add media' button while creating a new draft and selecting 'AI Image Generator', or sometimes through the profile menu settings. As shown in the first image, once you are on the generator screen, you can see the balance of points available. Simply tap the 'Create' button to proceed to the main prompt input screen. It is really a user-friendly entry into the world of AI art.

​ဒုတိယအဆင့်ကတော့ ကိုယ်ဖြစ်ချင်တဲ့ ပုံအမျိုးအစားကို AI ကို စာသားနဲ့ အတိအကျ ပြောပြရမှာပါ။ ဒီအဆင့်က အရမ်းအရေးကြီးပြီး စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ကိုယ်လိုချင်တဲ့ အကြောင်းအရာ၊ အရောင်၊ ပတ်ဝန်းကျင်နဲ့ lighting တွေကို အသေးစိတ်ရေးသားနိုင်လေ၊ AI က ပိုပြီး တိကျလှပတဲ့ပုံကို ဖန်တီးပေးနိုင်လေပါပဲ။ တတိယပုံမှာ မြင်ရတဲ့အတိုင်း၊ ကျမကတော့ "လမ်းဘေးမှာ သီချင်းဆိုနေတဲ့ ကောင်မလေးတစ်ယောက်၊ dusk lighting၊ တကယ့်အစစ်အတိုင်းဖြစ်စေရမယ်" ဆိုပြီး အသေးစိတ် ရေးထည့်ခဲ့ပါတယ်။ ပြီးရင်တော့ Select aspect ratio မှာ ပုံရဲ့ အရွယ်အစား (ဥပမာ 16:9, 1:1) ကိုရွေး၊ Quality boost မှာ ပုံရဲ့ အရည်အသွေး (ဥပမာ 1x, 2x) ကို ရွေးချယ်ပြီး Generate Image ခလုတ်ကို နှိပ်လိုက်ယုံပါပဲ။ ဒီမှာ သတိပြုရမှာက ပုံတစ်ပုံဖန်တီးဖို့အတွက် points တွေကုန်ကျမှာဖြစ်လို့ points လက်ကျန်ကိုလည်း ကြည့်ဖို့လိုပါတယ်။

​Now comes the second and most exciting step: describing your image. This is where you feed the AI your vision. On the main input screen, seen in the second and third images, you have to provide a clear, descriptive text prompt. The more detailed you are, adding specifics about style, composition, lighting, and colors, the closer the result will be to your imagination. For example, my prompt, detailed in the third image, specified "a beautiful young girl performing in a lively street music band at dusk... highly detailed, photorealistic." After entering your prompt, you must select your preferred aspect ratio and optional quality boost level, bearing in mind the points cost, as shown above the prompt box. Then, simply hit 'Generate Image' and wait a few moments while the AI works its magic.

​နောက်ဆုံးအဆင့်ကတော့ AI က ဖန်တီးပေးတဲ့ ပုံတွေကို ကြည့်ရှုစစ်ဆေးပြီး ရွေးချယ်ဖို့ပါပဲ။ Generate Image ခလုတ်ကို နှိပ်ပြီး ခဏအကြာမှာ၊ စတုတ္ထပုံမှာ မြင်ရတဲ့အတိုင်း AI က ကိုယ့်ရဲ့ prompt ပေါ်မူတည်ပြီး ဖန်တီးပေးထားတဲ့ ပုံတစ်ပုံကို ပြသပေးမှာပါ။ ဒီပုံကို သဘောကျတယ်ဆိုရင် Insert into post ခလုတ်ကိုနှိပ်ပြီး ကိုယ့်ရဲ့ blog post ထဲကို တိုက်ရိုက်ထည့်သွင်းနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း Share ခလုတ်ကိုနှိပ်ပြီး တခြားသူတွေကို မျှဝေနိုင်ပါတယ်။ အကယ်၍ ဒီပုံကို မကြိုက်သေးဘူးဆိုရင်လည်း Generate Again ခလုတ်ကိုနှိပ်ပြီး ပုံအသစ်တစ်ခုကို points ထပ်ကုန်ခံပြီး ပြန်လည်ဖန်တီးနိုင်ပါတယ်။ ဒါဟာ Ecency ပေါ်မှာ ကိုယ်ပိုင်အနုပညာလက်ရာတွေကို ဖန်တီးဖို့ အရမ်းလွယ်ကူပြီး အချိန်မကုန်တဲ့ နည်းလမ်းကောင်းတစ်ခုပါပဲ။

​Finally, the AI will present you with the generated artwork based on your inputs. As seen in the fourth image, after a short generation time, an image is displayed. In this case, it’s a lovely, detailed photorealistic result of the street musician. You have three main options here: 'Insert into post' will add the image directly into your current draft; 'Share' lets you share it externally; and 'Generate Again' will use points once more to create a completely new image if you aren't fully satisfied. It's an intuitive and highly engaging way to create custom visuals for your Ecency content, saving time and making publishing even more creative.

0.04466176 BEE
0 comments