Hive Price Update Today & My Risingstar Game Package Purchase

Checked HIVE/USDT on Binance today and the price is sitting at 0.0420 USDT, up about +1.45% from yesterday, which felt like a nice little lift for Hive holders. The 24h high touched 0.0421 and the low was around 0.0412, so it wasn't a wild swing day, just a steady, gentle climb that was satisfying to watch. Volume was solid too, over 2 million HIVE traded, worth around 85,882 USDT, showing the community still has decent interest in the token.

ဒီနေ့ Binance App ကို ဖွင့်ပြီး HIVE/USDT pair ကို ကြည့်လိုက်တော့ ဈေးနှုန်းက 0.0420 USDT ရောက်နေတာ တွေ့ရပါတယ်၊ မနေ့ညနေတုန်းကထက် +1.45% လောက် အနည်းငယ် တက်လာနေတာကြောင့် ဒီနေ့တော့ Hive holder တွေအတွက် ဝမ်းသာစရာနေ့လေးပါ။ ၂၄နာရီအတွင်း အမြင့်ဆုံးဈေးက 0.0421 ရောက်ခဲ့ပြီး၊ အနိမ့်ဆုံးက 0.0412 လောက်ပဲ ရှိတာမို့ ဒီနေ့ဟာ ဈေးအတက်အကျ သိပ်ကြီးမားတဲ့ ရက်တော့ မဟုတ်ပေမယ့် တည်ငြိမ်တဲ့ အတက်စောင်းလေးကို ကြည့်ရတာ စိတ်ချမ်းသာစရာပါ။ Trading volume ကလည်း HIVE ၂ သန်းကျော်ရှိပြီး၊ USDT တန်ဖိုးအားဖြင့်တော့ ၈၅,၈၈၂ ကျော်လောက် ရှိနေတာမို့ community ရဲ့ interest ကလည်း အသင့်အတင့် ရှိနေတယ်ဆိုတာ ခံစားလို့ရပါတယ်။

Looking at the longer-term chart though, today's move is just +something small while the weekly performance is still down about -1.18%, and the monthly figure shows -13.93%. Over 90 and 180 days it's down between -37% and -42%, and across a full year the drop is close to -81%. So for those of us holding Hive long-term, a small green day like this feels like a nice breather in what's otherwise been a tough stretch.

Chart ရဲ့ historical performance ကို ကြည့်လိုက်တော့ ဒီနေ့တစ်နေ့တည်းအတွက်တော့ ဈေးနှုန်း small dip လေးရှိပေမယ့် ရက်သတ္တပတ်တစ်ပတ်အတွင်းမှာတော့ -1.18% ၊ တစ်လအတွင်းမှာတော့ -13.93% လောက် ကျဆင်းနေတာကို တွေ့ရလို့ ဈေးနှုန်းကတော့ ကာလရှည်အနေနဲ့ ခုချိန်ထိ challenging ဖြစ်နေတုန်းပါပဲ။ ၉၀ရက်နဲ့ ၁၈၀ရက်အတွင်း -37% ကနေ -42% အထိ ကျဆင်းနေပြီး၊ တစ်နှစ်တာအတွင်းဆိုရင် -81% နီးပါးလောက် ကျဆင်းခဲ့ဖူးတာကြောင့် Hive ကို long-term hold လုပ်ထားတဲ့ ကျွန်မတို့လိုသူတွေအတွက်တော့ ဒီလို ဈေးနည်းနည်းလေး ပြန်တက်လာချိန်ဟာ တကယ့်ကို အားရစရာပါ။

I also like using the Binance app itself for tracking things like this - the order book showed 47.86% buy side versus 52.14% sell side, so it felt fairly balanced today, and the interface makes it easy to check price, info, and market data all in one place.

Binance App ရဲ့ interface ကလည်း အသုံးပြုရလွယ်ကူပြီး၊ Price, Info, Data, Square, Trade-X စတဲ့ tab တွေကနေ Hive အကြောင်း အသေးစိတ်တွေကို လေ့လာလို့ရတာကို ကြိုက်မိပါတယ်။ Order book ကို ကြည့်လိုက်ရင်တော့ Buy side မှာ 47.86% ရှိပြီး Sell side မှာ 52.14% လောက်ရှိနေတာကြောင့် ဒီနေ့ ဈေးနှုန်းက အနီးကပ် balance ဖြစ်နေတယ်လို့ ခံစားရပါတယ်။

With the price feeling a little more hopeful today, I went ahead and picked up a Risingstar Game package. Risingstar is a music-themed play-to-earn game built on the Hive blockchain, where you grow as a virtual musician step by step. My package should bring in more fan cards and energy items in-game, so I'm honestly pretty excited to see how it plays out. There's something satisfying about building up a little in-game "career" slowly, almost like a small business of your own.

ဒီလို ဈေးနှုန်း အနည်းငယ် အားရှိနေတဲ့ အချိန်မှာပဲ Risingstar Game ရဲ့ package တစ်ခုကို ဝယ်လိုက်ပါတယ်။ Risingstar က Hive blockchain ပေါ်မှာ ဆောက်ထားတဲ့ music-themed play-to-earn game ဖြစ်ပြီး၊ ဂီတသမားအဖြစ် တဖြည်းဖြည်း တိုးတက်လာအောင် ကစားရတဲ့ ပုံစံမျိုးပါ။ Package ဝယ်လိုက်တဲ့အတွက် ဂိမ်းထဲမှာ fan card တွေရော energy item တွေရော ရရှိလာမှာမို့ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်နေမိပါတယ်။ ကိုယ်ပိုင်စီးပွားရေးလိုမျိုး ငယ်ငယ်လေးကနေ တဖြည်းဖြည်း တည်ဆောက်ရတာက စိတ်ချမ်းသာစရာကောင်းလှပါတယ်။

Going forward, I'll keep checking Hive's price on Binance and share my Risingstar progress here too. I'd love to hear from other Hive friends - what strategies are you using in Risingstar, and how has the game been going for you? Drop a comment, I'd really enjoy comparing notes.

နောင်ရက်တွေမှာလည်း Binance App ကနေ Hive ဈေးနှုန်းအခြေအနေတွေကို ဆက်လက်ပြီး follow လုပ်သွားမှာဖြစ်သလို Risingstar game ထဲမှာ ကျွန်မရဲ့ progress ကိုလည်း ဒီ platform ပေါ်မှာပဲ ဆက်လက်မျှဝေသွားမှာပါ။ Hive community ထဲက friends တွေရဲ့ experience တွေကိုလည်း သိချင်နေပါတယ်၊ ဘယ်သူများ Risingstar ကစားနေကြလဲ၊ ဘယ်လို strategy တွေနဲ့ ကစားနေကြလဲဆိုတာ comment ချပေးရင် ပျော်စရာကောင်းပါလိမ့်မယ်။

0.00047079 BEE
0 comments