ကျွန်တော်၏ Hive ပျိုးခင်း

avatar

မဂ်လာပါ မြန်မာဟိုက်အဖွဲ့သားများခင်ဗျား။
nyimwa_hive_cover_photo.jpg

ဒီနေ့ အတွက် မဂ်လာရှိသောနေ့ဖြစ်မည်ဟု ကျွန်တော်ထင်မိပါသည်။ ကျွန်တော်တို့၏ Hive တိုကင်များ ဈေးတက်သည့်သတင်းသည် မွှေးကြိုင်လှသည်။ မြန်မာဟိုက်ကွန်မြူနတီအတွက် ကောင်းသောသတင်း တစ်ခုဖြစ်ပါ၏။

ကျွန်တော်သည်လည်း အများသူငါဝမ်းသာသလို ဝမ်းသာရပါ၏။ သူများတကာ Hive-engine တွင် မည်ရွေ့မည်မျှ ဝယ်လိုက်သည်၊ ရောင်းလိုက်သည်ဆိုသည့်သတင်းများကို ကြည့်လျက် ကြည်နူးမိပါသည်။ ကျွန်တော်သည်လည်း ယခုမှ အစပျိုးကာ ရေလောင်းပေါင်းသင် ပြုစုပျိုးထောင်ပေးထားသော ဟိုက်ဗ် ပျိုးခင်းလေးအား Hive-engine Wallet တွင် တိုကင်လေးများ၏ တိုးတက်လာမှုအား သွားရောက်ကြည့်ရှု့ဖြစ်ပါသည်။

nyimwa_hive_engine_tokens.jpg

တိုကင်လေးများ စုဆောင်းမိနေသည်မှာ ကျွန်တော့အတွက်တော့ ဝမ်းသာစရာပင်။ အရေအတွက်အား ရေတွက်ရန် မဆိုစလောက်ဟု ဆိုရသော်လည်း ကျွန်တော့အတွက်တော့ မဟာတိုးတက်မှုကြီးပင်ဖြစ်သည်။ သုည မှသည် ကိန်းဂဏာန်းများကို စတင်မြင်တွေ့ခွင့်ရလာပီဆိုတော့ အထူးပျော်ရွှင်ရပါသည်။

သို့နှင့် ကျွန်တော်သည်လည်း အများနည်းတူ စုဆောင်းမိသော တိုကင်လေးများအား ပို၍တိုးတက်လာစေရန် ရင်းနှီးမြှုပ်နှံခြင်း Stake လုပ်ငန်းအား ပြုလုပ်ခဲ့သည်။

screenshot_3tix_nyimwa.jpg

ယမန်နေ့ကမှ စတင်ပေးသော LOLZ တိုကင်ဆိုလျင် အရေအတွက် တစ်ဆယ့်နှစ်ခုသို့ပင်ရောက်ရှိလာသည့်အတွက် LOLZ ကွန်မန့်ဖြင့် အထောက်အပံ့ပေးကြသော မိတ်ဆွေများကိုလည်း ကျေးဇူးတင်နေမိသည်။ ထို LOLZ တိုကင်ကိုဖြင့် Stake ပြုလုပ်ခွင့်မရသေးပါ။ သို့နှင့် ကျန်ရှိသည့် အခြားသောတိုကင်လေးများအား နည်းသည်များသည် တွက်မနေတော့ပဲ ရရှိထားသည်တို့အား ပြန်လည်၍ Stake ပြုလုပ်လိုက်ပါတော့သည်။

ကျွန်တော်၏ ဟိုက်ဗ် ပျိုးခင်းလေးအား လိုအပ်သည့် ရေလောင်း၊ပေါင်းသင် မြေဩဇာထည့်ခြင်းအား ယနေ့ပြုလုပ်လိုက်ပီးနောက် ဆက်လက်၍ တိုးတက်လာမည့် ပျိုးခင်းလေးအား စိတ်ကူးဖြင့်ကြည့်ရင်း ကြည်နူးနေမိပါတော့သည်။

မြန်မာဟိုက်ဗ်အဖွဲ့သားများ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

@nyimwa



0
0
0.000
7 comments
avatar

LUV ပါ အထောက်အပံ့ရပါစေ Vote ပေးလိုက်ပြီ။ !PIZZA. !LOLZ. !LUV

0
0
0.000
avatar

ဟုတ်ကဲ့ ကျေးဇူးပါ ကိုဟင် များများရ များများစု !LOLZ

0
0
0.000
avatar

ဟုတ်တယ် Hive engine မှာ ကိုယ့်အပင်လေးတွေ ကြီးထွားလာတော့ ပျော်စရာကောင်းပြီး ပီတိဖြစ်ရပါတယ်။...!PIZZA

0
0
0.000
avatar

တကယ်ပျော်စရာကြီးပါဗျာ။ !LOLZ

0
0
0.000