Leoကိုသာ စီးမည်လော Pizza ကိုသာ စားမည်လော ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ ယခုတလော Hive ဈေးတက်လာခြင်းနှင့်အတူ အနည်းငယ်အသံထွက်လာသော Token တခုမှာ Leo token ဖြစ်ပါသည်။ ယခင် အချိန်တုန်းကတော့ Leofinance က ပြင်ပသို့ ဈေးကွက်ဖေါက်ထွက် / CubFinance အစရှိသဖြင့် အများနှင့်မတူ လုပ်ဆောင် ပြလိုက်တော့ လူအများ၏ အာရုံက Leofinance သို့ ပုံအော ကျရောက်သွားပါတော့သည်။

Leo token အနေဖြင့် Hive platform ပထမဆုံး METAMASK နှင့် တွဲနိုင်သော token ဖြစ်လာခဲ့ခြင်းက လူအများ၏ စိတ်ဝင်စားမှုကိုရသွားခဲ့ခြင်း ဖြစ်ပါသည်။ ယခုတော့ Leofinance ကလည်း ထူးထူးခြားခြား လုပ်မပြနိုင်ခဲ့သည်မှာ ကြာလာပြီ ဖြစ်သည့်အပြင် ဈေးကွက်တွင်လည်း တဖြည်းဖြည်းဖြင့် ကျဆင်းလာခဲ့ပြီ ဖြစ်ပါသည်။

ဤသည်မှာ နေ့စဉ် Reward အဖြစ်ရသော token များအား ဈေးကွက်သို့ တွန်းပို့ကြကာ ရသမျှဈေးဖြင့် ချရောင်းကြသောကြောင့်ဖြစ်ပါသည်။ ဆိုလိုသည်မှာ ဝယ်လိုအား ထက် ရောင်းလိုအား ပိုများလာခြင်း ဖြစ်ပါသည်။

ဤ အချိန်မျိုးတွင် Leofinance က ရင်းနှီးမြုပ်နှံကြသူများအား စိတ်ဝင်စားစရာ တမျိုးမျိုးဖြင့် ထပ်မံဆွဲဆောင် လိုက်လျင်ဖြင့် Leo ဝယ်လိုအား တက်လာမည် ဖြစ်ပါသည်။

ကျွန်တော့ အနေဖြင့်လည်း Leo မှ ရသော Reward များဖြင့် အခြားကျွန်တော်သဘောကျသော HE token များ ဝယ်စုနေခဲ့သည်ဖြစ်ရာ Leo token ၏ ယခုဈေးမှာ ရောင်းရက်စရာမရှိပါ။ အမှန်ဆိုရလျင် Leo ဝယ်စုသူတို့၏ အကောင်းဆုံး အချိန်ဖြစ်ပါသည်။

ဈေးအနည်းဆုံး အချိန်ကာလဖြစ်သောကြောင့် Leo အားဝယ်စုထားသင့်သည့် အချိန်ဖြစ်ပါသည်။ Cryptocurrency ၏ သဘောတရားမှာ တက်ပြီးလျင်ကျလာမည် ထို့နောက် ပြန်တက်မည် ထို့နောက်ပြန်ကျမည်။ ဤသည်မှာ ဈေးကွက်ရှင်သန်ခြင်း၏ သဘောတရားဖြစ်ပါသည်။

ဈေးအတက်အကျမရှိ မျဉ်းတဖြောင့်တည်း ဖြစ်သွားလျင် ထို Crypto သည် ဈေးကွက်သေ သွားသည့် သဘောဖြစ်ပါသည်။ မည်သူမျှ ဝယ်ရောင်း လုပ်ရန် စိတ်မဝင်စားသော Cryptocurrency ဖြစ်သွားကာ Exchange site များကလည်း Delist လုပ်ပြစ်ပါသည်။

ထို့ကြောင့် Leofinance ကဲ့သို့သော Project team များက သူတို့၏ token ဈေးကွက်သေ သွားသည်ကို လက်ခံကြမည်သူများ မဟုတ်တန်ရာ။ ဈေးကွက် ပြန်လည် ဦးမော့လာစေရန် တခုခုတော့ လုပ်ဆောင်ပါလိမ့်မည်။ ကျွန်တော့ အထင်သာ ဖြစ်ပါသည်။

အဘယ်ကြောင့်ဆိုသော် METAMASK ကဲ့သို့သော External wallet များဖြင့် လက်တွဲနိုင်ခြင်းက Leofinance သည် သာမန် ပေါ့ပေါ့ပါးပါး project မဟုတ်သည်ကတော့သေချာပါသည်။

ယခုအချိန်တွင် Pizza ဈေးကွက်က Leo ကို ကျော်တက်သွားပြီ ဖြစ်ရာ Leo စုထားသူအဖို့ စွေ့စွေ့ခုန်စရာ ဖြစ်နေပါသည်။ သေချာပြန်တွေးကြည့်လျင် မျှတသော သဘောတရားကို တွေ့လာပါလိမ့်မည်။

Leo token သည် ၁ ဘီလီယံ ( သန်း ၁၀၀၀ ) ထုတ်ရန် ရည်ရွယ်ထားပါသည်။ Pizza က သန်း ၁၀၀ သာထုတ်လုပ်ရန် ရည်ရွယ်ထားပါသည်။ ဈေးကွက်အားကြည့်လိုက်လျင် Leo ဈေးကွက်က အတက်အကျ လှေကားထစ် အနိမ့် အမြင့် ရှိသော်လည်း Pizza က အတော်အတန် ပြေပြစ်ပါသည်။ မသိမသာ ဖြင့် ဈေးကွက်ကို အထက်သို့ ခေါ်တက်သွားသည်ကိုတွေ့ရပါလိမ့်မည်။

ထို့အပြင် Pizza တွင် ထိုးတင် ထိုးချ ဈေးကွက်အား မတွေ့ရပါ။ မယုံလျင် Pizza trading chart အားကြည့်ကြည့်ပါ။ ဖယောင်းတိုင် အတို လေးများသာ တွေ့ရမည် ဖြစ်ပါသည်။ ဈေးကွက် အတွင်းရှိ Leo ဖယောင်းတိုင်နှင့် Pizza ဖယောင်း တိုင်အား ယျဉ်ကြည့်စေလိုပါသည်။

တခု ပြောစရာရှိသည်မှာ Leo token သည် ဈေးကွက် အတွင်း၌ လည်ပတ်နေသော Token အရေအတွက် ၉သန်းရှိနေပါသည်။ ဤ အချိန်တွင် Pizza က ၁.၄ သန်းသာ ရှိနေပါသေးသည်။

ကျွန်တော့အနေဖြင့် ပြောရလျင် မိတ်ဆွေအနေဖြင့်ပိုက်ဆံရှိ၍ Pizza ဝယ်စုလျင်တောင် အတော်လေး စုရမည့်သဘော ဖြစ်ပါသည်။ အဘယ့်ကြောင့် ဆိုသော် Pizza ဈေးကွက်တွင် ထောင်နှင့်ချီ၍ ရောင်းချသော အရောင်းမျိုး တက်မလာသောကြောင့် ဖြစ်ပါသည်။ အများအားဖြင့် ရာဂဏန်းသာ ဖြစ်ပါသည်။

ထို့ကြောင့် မိတ်ဆွေတို့ အနေဖြင့် ကေသရာဇာကိုသာ စီးမည်လော Pizza ကိုသာ စားမည်လော မိမိကိုယ်တိုင်သာ ဆုံးဖြစ်စေချင်ပါသည်။

Henry Aung ( Kachin )

07/10/2021 - Thursday - 17;48 Pm



0
0
0.000
21 comments
avatar

2 ခုလုံး မရဘူးလား။
ဟီးဟီး
!PIZZA သာ ရှိ၏။

0
0
0.000
avatar

Pizza ရှိရင် ... အဝကြိတ်ဖို့သာ ပြင်ထား... Pizza ကိုသာ စုပါလေ... Leo ကပြသနာရှိနေပြီကိုး... !PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!
PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped nyinyiwin (x1)
kachinhenry tipped htwegyi (x1)
kachinhenry tipped babakyi (x1)
uthantzin tipped kachinhenry (x1)
kachinhenry tipped golden.future (x1)
myothuzar tipped kachinhenry (x1)
kachinhenry tipped naythan (x1)
@kachinhenry(8/20) tipped @donjaun (x1)
naythan tipped kachinhenry (x1)
kachinhenry tipped uthantzin (x1)
kachinhenry tipped myothuzar (x1)
htwegyi tipped kachinhenry (x1)
golden.future tipped kachinhenry (x1)
donjaun tipped kachinhenry (x1)
Learn more at https://hive.pizza.

0
0
0.000
avatar

LEO စီးရင်း !PIZZA စားမယ်ဗျာ

0
0
0.000
avatar

မြန်မာစကားပုံရှိတယ် လှေစီးရင်း ငါးနှစ်ကောင်ဖမ်း ဆိုလား... ဆန်ဆေးရင်း သေးပေါက်ဆိုလား... !PIZZA

0
0
0.000
avatar

ဒီနေ့ Leo ကို pizza နဲ့ လဲပစ်လိုကတာ ။
!PIZZA

0
0
0.000
avatar

လဲပလိုက်။ ကေသရာဇာကို Pizza နဲ့ လည်းစား ရဲတာ တော်ရုံလူ မလုပ်ဝံ့ဘူး။ !PIZZA

0
0
0.000
avatar

နှစ်ခုစလုံးကောင်းမယ် ထင်တယ်အကို
!PIZZA

0
0
0.000
avatar

အမှန်တော့ Leo နဲ့ Pizza က သူနည်းသူ့ဟန် နဲ့ ကောင်းကြတာပါပဲ။ !PIZZA

0
0
0.000
avatar

မှန်ပါတယ်အစ်ကို ဒါမျိုးလေးတွေ ယှဥ်ပြီး လေ့လားသင့်ပါတယ်။ LEO သမားများ အတွက် အစ်ကို့ post လေးဖတ်စေချင်ပါတယ်။ !PIZZA

0
0
0.000
avatar

အမှန်တော့ Leo နဲ့ Pizza က သူနည်းသူ့ဟန် နဲ့ ကောင်းကြတာပါပဲ။ !PIZZA

0
0
0.000
avatar

သားရွှေအိုးထမ်းလာတာမြင်ရတော့ ပိုကောင်းတာပေါ့ဗျာ ခြသေ့်ဖမ်းရင်း ပီဇာစားမယ်ပေါ့ဗျာ။ !PIZZA

0
0
0.000
avatar

သားရွှေအိုးထမ်း ဖို့အရေး Power တွေလိုနေတယ် ကိုရွှေဘိုရေ.... ခုချိန် ပါဝါ ၁ သိန်းရှိလို့ကတော့.... !PIZZA

0
0
0.000
avatar

Pizza တော့ မြတ်တာ ရှူံးတာတောင် မကြည့်တော့ပါဘူး။ သူများလက်ဆောင်ပေးရတာပျော်လို့ ဝယ် stake ထားတာ။Leo တွေတော့ ၁ ရာကျော်လောက် stake ထားတာ ရှိတယ်။Leom အရင်က သုံးရာ လောက်ရှိိတယ်။တစ်နေ့ ၁ leo ပေးတယ်။ leo စျေးကျတာနဲ့ စိတ်ပျက်ပျက် ရောင်းလိုက်တာ 150 Leom ပဲ ကျန်တော့ တယ်။ !PIZZA

0
0
0.000
avatar

ညီမက Trading ဘက်ကို ပိုအားသာသွားတယ်လို့ထင်ပါတယ်။ ဒါပေသိ Hive platform မှာတော့ကြီးကြီးမားမား အရှုံးမရှိနိုင်ပါဘူး။ အောင်မြင်ပါစေ။ !PIZZA

0
0
0.000
avatar
(Edited)

ဟုတ်။trading ဘက်တော့ အားသာတယ်။ခုတော့ hive platform မှာ စာပြန်ရေးနေတယ်။Splinterlands ဂိမ်းကစားတဲ့ အကြောင်း blockchain gaming မှာ ရေးရင် 4$ လောက် ရတော့ စာကြိုးစားပြီး ပြန်ရေးနေတယ်။ ဂိမ်းလည်းဆော့ရင်းပေါ့။

0
0
0.000
avatar

ကျန်တော် ကတောာ့ အရေအတွက်နဲတဲ့ pizza ကိုသဘောကျတယ်နော် ယခုကတော့ ဘာ tokin မှ မရှိဘူး ခင်ဗျ 😀☺️😃

0
0
0.000
avatar

နောက်တော့လည်းရှိလာပါလိမ့်မယ်။ Hive ကိုသာ ဖက်တွယ်ထားလိုက်ပါ။ !PIZZA

0
0
0.000
avatar

ဟုတ်ကဲ့ ကျေးဇူးပါ

0
0
0.000