မင်္ဂလာပါ Hive Myanmar ဒီနေ့မှာတော့ Tiktokမှာ Trand ဖြသ်နေတဲ့ အရောင်တွေအကြောင်းကို မျှဝေချင်ပါတယ်။
အရောင်တွေဟာ ကျွန်မတို့ရဲ့ စိတ်ခံစားမှု၊ အတွေးအခေါ်နဲ့ ယဉ်ကျေးမှုတွေအပေါ်မှာ များစွာသက်ရောက်မှုရှိပါတယ်။ အရောင်တစ်ခုချင်းစီမှာ အဓိပ္ပါယ်ကိုယ်စီ ရှိကြပါတယ်လို့ မှတ်သားရပါတယ်။

အနီရောင် (Red)ဆိုရင် ချစ်ခြင်းမေတ္တာ၊ ခွန်အား၊ စိတ်လှုပ်ရှားမှု၊ ရဲရင့်ခြင်းတွေကို ကိုယ်စားပြုပါတယ်။
သတိပေးချက် (Warning) ပေးတဲ့နေရာမှာလည်း သုံးသလို၊ လူတွေရဲ့ အာရုံစိုက်မှုကို အမြန်ဆုံးရယူချင်တဲ့အခါမှာလည်း သုံးပါတယ်။
အပြာရောင် (Blue)

စိတ်ကို အေးချမ်းစေတဲ့အတွက် ဆေးရုံတွေ၊ ဘဏ်တွေနဲ့ နည်းပညာကုမ္ပဏီကြီးတွေရဲ့ Logo တွေမှာ အသုံးများပါတယ်။
အဝါရောင် (Yellow)
- ပျော်ရွှင်မှု၊ တက်ကြွမှု၊ မျှော်လင့်ချက်၊ အကောင်းမြင်ဝါဒကို ကိုယ်စားပြုပါတယ်။
လူတွေကို လန်းဆန်းတက်ကြွစေချင်တဲ့အခါ ဒါမှမဟုတ် အချက်ပြလိုတဲ့အခါမှာ သုံးပါတယ်။
အစိမ်းရောင် (Green)
သဘာဝတရား၊ လတ်ဆတ်ခြင်း၊ ကြီးထွားမှု၊ ကျန်းမာရေးကို ကိုယ်စားပြုပါတယ်။
သဘာဝပတ်ဝန်းကျင်နဲ့ ဆက်စပ်တဲ့အရာတွေ၊ ဘေးကင်းလုံခြုံမှုကို ဖော်ပြတဲ့နေရာတွေမှာ အသုံးများပါတယ်။
ဒီအရောင်တွေကတော့ လူတိုင်း နှစ်သက်တဲ့ အရောင်တွေ ဖြစ်တဲ့အတွက် မိတ်ဆွေတို့လည်း ဘယ်လို အရောင်တွေကို နှစ်သက်လည်းဆိုတာ မျှဝေခဲ့ပါအုံး။

အစိမ်းရောင် က်ြုက်သအေ။
!LOLZ
!MEME
ကျမက အပြာရောင်လေး ကြိုက်တယ် ဘထွေးရေ