အမျိုးတို့ရေ ကျန်းမာရေး ဂရုစိုက်ကြပါ

မင်္ဂလာပါ Hive Myanmar က မိတ်ဆွေတို့ရေ။ နေကောင်းကြရဲ့လား အခုတလော အအေးဓာတ်က ပိုပြီး သိသိသာသာ လွန်ကဲလာပါတယ်။ အအေးလှိုင်းဖြတ်တယ်ဆိုတော့ ကျန်းမာရေးကို အထူးဂရုစိုက်ကြပါနော်။

ဒီနေ့က ဒီဇင်ဘာလ ၁ရက်နေ့ဆိုတော့ ဆောင်းတွင်းကာလကို နောက်ထပ် ၃လလောက် ဖြတ်ကျော်ရအုံးမှာပါ။ နိုဝင်ဘာ ၂၀ကေျာ်ထဲက အအေးက စိမ့်လာလေတော့ ဒီနှစ်ဆောင်းတော့ မနှစ်ကထက် ပိုအေးမယ်လို့ ခန့်မှန်းမိပါတယ်။ ပြီးတော့ သက်ကြီးစကားတွေအရ မိုးနှောင်းကာလမှာ မိုးကောင်းရင် ဆောင်းတွင်း အအေးပိုမယ် ကြားဖူးပါတယ်။

အပူပိုင်းဒေသဖြစ်တဲ့ မန္တလေးမြို့မှာတောင် ၁၇ဒီဂရီ ဝန်းကျင်ဆိုတော့ အအေးပိုင်းဒေသတွေဆို ဘယ်လိုနေကြမလဲလို့ ကိုယ်ချင်းစာမိပါတယ်။ ရာသီဥတုက အေးရတဲ့အထဲ လုံခြုံတဲ့ အမိုးအကာအောက်မှာ ရှိနေကြပါစေလို့ ဆုတောင်းပေးမိပါတယ်။

သက်ကြီးရွယ်အိုတွေအနေနဲ့လည်း အေးချမ်းတဲ့အချိန်ကာလမှာ သွေးတိုးတွေ တက်တက်တာမို့ အစားအသောက်နဲ့ ရာသီ တုတ်ကွေးလို နှာစေးချောင်းဆိုး အအေးမိရောဂါတွေကိုလည်း အထူးဂရုစိုက်စေချင်ပါတယ်။

မယ်တစ်ရွာ မောင်တစ်မြို့ နေလို့မဖြစ်တဲ့ အခုလို အအေးလွန်ကဲလာတဲ့ ဆောင်းရာသီမှာ နွေးနွေးထွေးထွေးနေကြဖို့ သတိပေးချင်ပါတယ်။ အအေးဓာတ်က မန္တလေးလို ဒေသမှာတောင် အဲကွန်းခန်းထဲ နေရသလို ဖြစ်နေပါတယ်။ ကလေးငယ်တွေကိုလည်း အထူးဂရုစိုက်စေချင်ပါတယ်။ ကလေးငယ်တွေက ညပိုင်း ခေါင်းချွေးထွက်တက်တာမို့ ချွေးနဲ့ အအေးပတ်မှာ စိုးရိမ်ရပါတယ်။

ကျွန်မလည်း ပြီးခဲ့တဲ့ အပတ်က ဝမ်းကိုက် သွေးတိုးနဲ့ အဖျားနည်းနည်း ဝင်ပါသေးတယ်။ အခုတော့ သက်သာသွားပါပြီ။ ဒါကြောင့် အမျိုးတို့ရေ ကျန်းမာရေးဂရုစိုက်ကြပါနော်။

0.02178975 BEE
1 comments

ဂရုစိုက်ပါဗျ။

0.00000000 BEE

ဟုတ်ကဲ့ ကိုဒွန်

0.00000000 BEE