blockchain နည်းပညာသုံးပြီး btc လိုမဟုတ် eth လိုမဟုတ်တဲ့ transition မျိုးနဲ့ fee မရှိတော့ အများမျက်စိကျလာသော hive တွေ ဈေးက 1hive= 1 $ ပတ်လည်ကနေ အတက်ဘက်ဦးတည်လာနေပြီဆိုတော့ ကျွန်တော်တို့ ရပ်တည်ချက်တွေလည်း ပိုမိုအားတက်လာစေပါတယ်။ ဒီနည်းပညာအစကတော့ steemit project ကစပါတယ်။ steemit ပိုင်ရှင်ပြောင်းပြီး နောက်ပိုင်ရှင်က ဘာတွေလုပ်မှန်းမသိ TRX ကိုထပ်မံထုတ်လိုက်တယ် နောက်ပိုင်း ဆက်ဆံရေးမကောင်းခြင်းကြောင့် steemit နဲ့ လက်တွဲလာတဲ့ esteem project က မိမိကိုယ်ပိုင် ecency ကိုပြုလုပ်ပြီး hive ဆိုပြီးပေါ်ပေါက်လာခဲ့တယ်။ ဒါတွေက ကျွန်တော်သိသလောက်သာပြောပြခြင်းပါ အမှားပါလျှင်လည်း ထောက်ပြပေးနိုင်ပါတယ်။ crypto ဖြစ်တဲ့ hive တွေဘယ်လိုစုလဲ? ecency ပေါ်တွင် စာရေးသားခြင်း၊ splinterlands မှာဂိမ်းဆော့ခြင်းကြောင့် DEC နဲ့ ကတ်တွေ၊ SPS၊ SPT တွေနဲ့ အခြားသော tokens တွေ အများအပြားလည်း hive-engine ပေါ်အမှီပြုလာကြပါတယ်။ အခုလို ဂိမ်းတွေနဲ့ power up ဖို့ အကြောင်းတွေအများအပြားဖြစ်ပေါ်လာတဲ့နောက် hive ကရပ်တည်နိုင်ဖို့ အားကောင်းလာပါတယ်။ ဆက်လက်ပြီးအားကောင်းဖို့လည်းရှိနေပါတယ်။ hive-engine မှာတော့ အထုတ်အထည့်မှာ 1% ဖြတ်ပါတယ်။ အချင်းချင်းလွှဲပြောင်းရင်တော့ ဖြတ်တောက်ခြင်းမရှိပါဘူး။ ကျွန်တော်တို့ ရပ်တည်နိုင်ခဲ့တာလည်း လက်မလျှော့ပဲ ဆက်လက်ဖန်တီးနေတဲ့ splinterlands project ကြောင့်ဆိုလျှင်မှားမယ်မထင်မိပြန်ဘူး။ အခြားသော ဂိမ်းတွေလည်း hive နဲ့ပူးပေါင်းဖို့ ကြိုးစားလာတာတွေတွေ့ရပါပြီ။